Showing posts with label Myanmar News. Show all posts
Showing posts with label Myanmar News. Show all posts

Monday, October 15, 2012

သမ္မတကြီး ဦးသိန်းစိန် နှင့် မြန်မာပြည်သူများ သို့


ကျွန်တော် ဒီသတင်းကို စိတ်လှုပ်ရှားစွာ စောင့်နေရင်း တစ်ညလုံးကောင်းကောင်း အိပ်မပျော်ခဲ့ပေမယ့် ခု သိသိလိုက်ခြင်း အိပ်စရာမလိုဘဲ အိပ်ရေးဝသွားပါပြီ။

ဒါဟာ ကျွန်တော်တို့ လူမျိုးတွေရဲ့ အတုမဲ့ စည်းလုံးညီညွတ်ခြင်း ကို ကမ္ဘာ ကြီး နဲ့ လူအမည်ခံ မျိုးနွယ်စု တစ်ခု သိသွားအောင် ထင်းထင်းကြီး ပြလိုက်နိုင်တာဖြစ်သလို ..

လက်ရှိ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်နေတဲ့ အစိုးရဟာ ပြည်သူတွေရဲ့ နာကျင်မှုကို မျှဝေခံစားနေတယ်ဆိုတာကို နိုင်ငံတကာရဲ့ မတရားတဲ့ ဖိနှိပ်မှုတွေကို ပြည်သူတွေဖက်က ရဲဝန့်စွာ ဆန့်ကျင်ရင်း ပြသလိုက်တာဘဲ ဖြစ်တယ်။



OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်

နေပြည်တော်၊ အောက်တိုဘာ ၁၅ ၊ ၂၀၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရာတွင် နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက အောက်ဖော်ပြပါ လမ်းညွှန်ချက်များ ချမှတ်ပေးထားပြီး ယင်းလမ်းညွှန်ချက်များအတိုင်း တိတိ ကျကျ ဆောင်ရွက်စေလျက် ရှိသည်။

- နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊

- အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊

- နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊

- နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။

ပြည်သူလူထုအကြားတွင် ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဆက်သွယ်ဆောင်ရွက်ရန် OIC ရုံး ဖွင့်လှစ်မည့် သတင်းနှင့် စပ်လျဉ်း၍
၎င်းရုံး ဖွင့်လှစ်ရန် ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။

မူရင်း - http://www.president-office.gov.mm/zg/briefing-room/news/2012/10/15/id-1476



Please CLICK on photos to ENLARGE

ကျွန်တော်တို့ ခုချိန်ကစပြီး နားလည်ထားရမှာက မြန်မာတွေဟာ တိုးတက်လာတော့မယ့် အနာဂါတ်မှာ ခုလိုဘဲ နိုင်ငံတကာက မတရားဖိအားပေးမှုတွေ နှိမ့်ချမှုတွေကို ဆက်တိုက်ရင်ဆိုင်လာရတော့မယ်ဆိုတာကိုဘဲ။

ဒီလိုအခြေအနေတွေရောက်လာတိုင်း ကျွန်တော်တို့ပြည်သူတွေအားလုံး နဲ့ အစိုးရဟာ ခုလို တစ်သားထဲ ဖြစ်နေရမယ်။

အရင်က သူတို့ မကောင်းတာ မှားခဲ့တာတွေ နဲ့ ငခုံးမ တစ်ချို့ ဆက်ပြီးမှားနေတာတွေ သူတို့လဲ သေချာသိနေပြီးသားပါ။

ကျွံနေတဲ့ ခြေလှမ်းတွေ နဲ့ ပျက်ဖို့ခက်တဲ့ မျက်နှာတွေ ကြောင့် ငြင်သာစွာ ရွေ့လျားပြောင်းလဲနေရတာကို နားလည် စိတ်ရှည် ပေးနိုင်ကြဖို့တော့ လိုပါတယ်။

အဆုံးတိုင် ပြင်ဆင်ဖို့ လိုအပ်တဲ့ အချိန်တစ်ခုတော့ ပေးလိုက်ပါ။

သေချာတာကတော့ မြန်မာနိုင်ငံရဲ့ အနာဂါတ်ကို ဆုံးဖြတ်ပိုင်ခွင့်ဟာ မြန်မာတွေရဲ့ လက်ထဲမှာဘဲ အမြဲရှိနေမှန်း အစိုးရ နဲ့ ပြည်သူ အတူတူ ယုံကြည်ထားတယ်ဆိုတာ တခြားနိုင်ငံတွေအားလုံး နားလည်သွားပြီဆိုတာဘဲ။

သမ္မတကြီး နဲ့ အစိုးရ ဟာ ဒီဆုံးဖြတ်ချက်ကို နိုင်ငံတကာရဲ့ ဖိနှိပ်မှုတွေ စောင့်ကြည့်ဝေဖန်မှုတွေ အားလုံးရဲ့ကြားက ပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေ ရင်ထဲက ပေါက်ကွဲလာတဲ့ အသံတွေကို လေးစားမှုပေးပြီး ခိုင်မာစွာ ဆန့်ကျင်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ အသိအမှတ်ပြုဖို့လိုပါတယ်။

ဒီနေ့ဟာ မြန်မာနိုင်ငံ ရဲ့ အစိုးရ နဲ့ ပြည်သူ တွေရဲ့ ကြားက ပျောက်ဆုံးနေခဲ့တာကြာပြီဖြစ်တဲ့ ချစ်ခင်ယုံကြည်မှုတစ်ရပ်ကို ထပ်မံ မွေးဖွားပေးလိုက်တဲ့ နေ့ ဆိုရင်လဲ မမှားပါဘူး။

ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်တို့ ရင်ထဲက တိတ်တစ်ဆိတ် ယိုစိမ့်လာတဲ့ မျက်ရေတွေကို ဦးသိန်းစိန် မျက်ကွယ်မပြုခဲ့ပါဘူး။

အနောက်နိုင်ငံတွေ ရဲ့ သူ့ကို အချိုသပ်ပြီး ကျောမှာ ထောက်ထားတဲ့ လည်မှာတင်ထားတဲ့ ဓါးတွေ အားလုံးကို ပြည်သူတွေအတွက် အာခံ စိန်ခေါ်လိုက်ပြီဆိုတာ ကျွန်တော်တို့ ကောင်းစွာ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့ဖက်ကလဲ မင်္ဂလာတရားတော်များ မြင့်မြတ်စစ်မှန်တဲ့ ဘာသာတရားများ အားလုံး နဲ့ အညီ ကျေးဇူးရှိသူကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။

ရခိုင် တွေရဲ့ နှစ်ချို့နေတဲ့ မလုံခြုံမှု နဲ့ သောက မျက်ရေတွေ ...

ဗုဒ္ဓဘာသာ ပြည်သူတွေရဲ့ နာကျည်းခံပြင်းမှုတွေ အားလုံးကို လေးစားစွာ နားထောင်လိုက်လျောခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန် နဲ့ လူကြီးမင်းများအားလုံးကို ပြည်သူတွေအားလုံးနဲ့အတူ နှလုံးသားမှ လေးစားလှိုက်လှဲစွာ ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါတယ်။

သာသနာ ကို စောင့်ရှောက်တဲ့ သူတွေကို နတ်ကောင်းနတ်မြတ်များက ကာကွယ်စောင့်ရှောက်လေ့ရှိပါတယ်။

သမ္မတကြီး နဲ့ ရဲရင့်တဲ့ ပြည်သူတွေကိုလဲ နတ်ကောင်းနတ်မြတ်များ ထာဝရ စောင့်ရှောက်ပါလိမ့်မယ်။

အားလုံးကို အားလုံးအတွက် ဖေါ်ပြမတတ်နိုင်အောင် ကျေးဇူးတင်ပါတယ်။


" ငါ့ နိုင်ငံ နဲ့ လူမျိုး အထက်မှာ ဘယ်လူမျိုးခြားမှ မရှိစေရ "


ထာဝရမေတ္တာဖြင့် ...

မျိုးချစ်မြန်မာ

Monday, May 7, 2012

ကိုကျော်သူ နှင့် မရွှေဇီးကွက် ၏ တွေ့ဆုံပွဲ (Los Angeles)






သတင်း နှင့် ဓါတ်ပုံ - မျိုးချစ်မြန်မာ


" မီးအိမ်လေးတွေအတွက် "

နာရေးကူညီမှုအသင်း ရဲ့ ဦးဆောင်နေသူများဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ နဲ့ ဇနီးဖြစ်သူ မရွှေဇီးကွက် တို့ ရဲ့ America လူထုတွေ့ဆုံရေး ခရီးစဉ် မှာ ပထမ ဦးဆုံးဖြစ်တဲ့ California ပြည်နယ် Los Angeles မြို့က ၂၀၁၂ ခုနှစ် မေလ ၅ ရက်နေ့ ညနေခင်းလေးကို သွားရောက် မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။

ထင်မှတ်ထားတာထက် ပိုမိုနေခဲ့တဲ့ မြန်မာ များစွာ ကို တွေ့ရှိခဲ့ရတဲ့အတွက်လဲ လွန်စွာ ဝမ်းမြောက် ပီတိ ဖြစ်ခဲ့ရပါတယ်။
သတ်မှတ်ထားတဲ့ အချိန်ပိုင်းအတွင်းမှာ စတင်ဖြစ်ခဲ့ပေမယ့် အကြောင်းများစွာတို့ကြောင့် မူရင်း အစီအစဉ်အတိုင်း နာရေးကူညီမှု အသင်းရဲ့ ဗီဒီယို မှတ်တမ်းကို ပြသနိုင်ချိန်မရခဲ့တာကြောင့် ကိုကျော်သူ နဲ့ တာဝန်ရှိသူများက ထိုအခွေကို ပြန်လည်ဝေမျှပေးမယ် ဆိုတာနဲ့ဘဲ နိဂုံးချုပ်ဖြစ်သွားခဲ့ပါတယ်။

ကျွန်တော် ကတော့ ဒီပွဲကို နိုင်ငံခြားရောက်နေတဲ့ မြန်မာ တစ်ဦး အနေနဲ့ သွားရောက်ခဲ့တာ မဟုတ်သလို သတင်းသမားတစ်ယောက် ဘလော့ဂါ တစ်ယောက်အနေနဲ့လဲ သွားရောက်ခဲ့တာ မဟုတ်တဲ့ အတွက် ကျွန်တော် ချစ်တဲ့ အကိုကြီး ( ဦးမောင် ) ကိုကျော်သူ နဲ့ ( မကြီး ) မရွှေဇီးကွက် တို့ ရဲ့ မိတ်ဆွေ အနေနဲ့ဘဲ သွားရောက် ခဲ့ပေမယ့် ဝါသနာအရတော့ ဓါတ်ပုံမှတ်တမ်းလေး ရေးသားရိုက်ကူးဖြစ်ခဲ့ပါတယ်။

မှန်တာပြောရရင် ကျွန်တော် မကြီး နဲ့ ဦးမောင် ပွဲတွေ တကယ် စတွေ့ရင် ဖျော်ဖြေပွဲ မဟုတ်ရင် မလာချင်ကြတဲ့ ဒီက မြန်မာတွေရဲ့ အမိမြေပေါ်စိတ်ဝင်စားမှု အပေါ် စိတ်ဓါတ်များကျသွားမလားဆိုတာ စိုးရိမ်နေခဲ့မိပါတယ်။
သူတို့ကိုတော့ ကျွန်တော် ဘာမှ ကြိုတင်ထင်မြင်ချက် မပေးခဲ့ပါဘူး။
ဒါပေမယ့် ထင်မှတ်မထားဘဲ မြန်မာ များစွာ လာရောက်ခဲ့တာကို မြင်ရတဲ့အခါမှာ ကျွန်တော် အမေရိကား မှာ နေနေရတဲ့ မြန်မာ တစ်ယောက် အဖြစ် နဲ့ ပထမ ဆုံး အကြိမ် ဂုဏ်ယူမိခဲ့ပါတယ်။
နောက်ပြီး ကျွန်တော် ချစ်တဲ့ အကို နဲ့ အမ မှာ ကျွန်တော့်လိုဘဲ သူတို့ကို လေးစားတဲ့သူတွေ မနည်းပါလားဆိုတာကို သက်ဝင်ယုံကြည်သွားမိသလို ပီတိလဲ ဖြစ်မိပါတယ်။

ဒီ လင်မယားဟာ ဘယ် UN အစည်းအဝေး ဘယ် White House Media တွေ မှာမှ အကျယ်တဝင့်ဖေါ်ပြခြင်း မခံခဲ့ရတာတင်မဟုတ်ဘဲ သူတို့ နေထိုင်နေရတဲ့ မြန်မာပြည် အစိုးရရဲ့ တရားဝင် လေးစားအသိအမှတ်ပြုခြင်း ဆိုတာကိုတောင် မခံခဲ့ရတဲ့သူတွေပါ။

ဒါပေမယ့် သူတို့ ပေးဆပ်ခဲ့တဲ့ သမိုင်းဟာ ကျွန်တော်တို့ အားလုံးရဲ့ လေးစားအားထားရာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထက်မသာရင်သာနေမယ် များစွာ မလျော့နည်းခဲ့ပါဘူး။

ဟုတ်ကဲ့ ...

အမေစု လို သူတို့ အိမ်တွင်းချုပ် ထောင်နှစ်ရှည် မကျဖူးပါဘူး လို ငြင်းဆိုလာသူတွေကို ...

အမေစု လဲ သူတို့လို မုန်တိုင်းကြောင့် ရေမြေပေါ်မှာ ပုတ်ပွပေါ် နေတဲ့ အလောင်းတွေ ...
HIV ကြောင့်သေသွားတဲ့ အလောင်းတွေ ...
ရုပ်ပျက်ဆင်းပျက် သေကြေပျက်ဆီး သွားခဲ့သူတွေရဲ့အလောင်းတွေ ...
ကိုယ်ရောလက်ပါ ကိုင်တွယ်ထိတွေ့ ရတဲ့ အခြေအနေတွေကို မကြုံဖူးသေးပါဘူးလို့ ကျွန်တော် အမြဲ ခုခံ ငြင်းဆိုပေးခဲ့ဖူးပါတယ်။

ကျေးဇူးပြုပြီး ကျွန်တော် ဆိုလိုတာကို နားလည်ပေးကြပါခင်ဗျာ။

သူတို့ ရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားရှိတဲ့ စေတနာ ကြောင့် ပေးဆပ်မှုဟာ အမေစု ထက် ပိုသာမနေရင်တောင် အရမ်းကြီးတော့ မကွာခြားခဲ့ပါဘူး။

ဒါပေမယ့် အမေစုကို ပြည်တွင်း ပြည်ပ နိုင်ငံရေး အဖွဲ့အစည်းတိုင်းက ကျောထောက်နောက်ခံ ခိုင်မာစွာ ပြုထားပေးသလို ..
အမေစု ရဲ့ ဆန္ဒ တွေအတွက် ပြည်တွင်း ပြည်ပ နိုင်ငံရေး အဖွဲ့အစည်းတွေက ဖြည့်ဆည်းပေးနေသလို ...
ကျွန်တော့် အကို နဲ့ အမ ကို ဘယ်သူတွေကမှ မပံ့ပိုးပေးခဲ့သေးပါဘူး။

အောင်ဆန်းစုကြည်လို့ CNN မှာ ပါလာရင် တစ်ကမ္ဘာလုံး သိကောင်းသိမယ်။
ကျော်သူ ရွှေဇီးကွက် ဆိုရင် မြန်မာတစ်ချို့တွေဘဲ သိကြပါသေးတယ်။
မြန်မာ ကလေးတွေ ထဲမှာတောင် မသိကြသေးတာ အများကြီးရှိပါသေးတယ်။

ဒီတော့ ကျွန်တော် ခု ဒီကနေ တိုက်တွန်းလိုပါတယ်။

ကုသိုလ်ကောင်းမှုဆိုတာ ရင်ထဲက စစ်မှန်တဲ့ စေတနာ နဲ့ သဒ္ဒါ တရားပေါ်မှာတည်တာပါ။
ကျော်ကြား ထင်ရှား လူသိများ စရာ မလိုပါဘူး။

ဒီတော့ ..


မြန်မာပြည်ရဲ့ ..


အနိမ့်ကျဆုံး လူတန်းစားတွေအတွက် ...
အလိုအပ်ဆုံး အရာတွေကို ..
အနစ်နာခံရင်း ဖြည့်ဆည်းပေးနေတဲ့ ...
မြင့်မြတ်တဲ့ လူသားမောင်နှံနှစ်ဦး ဟာ ...
မိတ်ဆွေတို့ ရဲ့ လက်တစ်ကမ်းအကွာကို ...
ကြီးမြတ်သော ဘုရားရှင်အားလုံးတို့ ရဲ့ အလိုတော် အတိုင်း ...
ဆိုက်မြိုက်စွာ ရောက်ရှိလာခဲ့ကြပါပြီ။


သင်တို့ရဲ့ နှလုံးသားတွေထဲမှာ ..
မွေးဖွားလာချိန်ကထဲက ..
ခုချိန်ထိ ရှိနေဆဲဖြစ်တဲ့ ...
မေတ္တာတရား ဆိုတဲ့ တန်ခိုးတော် ... နဲ့ 
လူသားချင်း စာနာစိတ် .. ဆိုတဲ့ အသိဥာဏ် ကို ..
တွဲဖက် အသုံးပြုပြီး ..


မြန်မာပြည်က ..


ကံမကောင်း ဆုတောင်းမလှခဲ့တဲ့ ..
လူသားတွေ ..
ကလေးငယ်တွေ ..
မိခင်တွေ .. အားလုံး အတွက် ...
မျှော်လင့်ခြင်း မီးအိမ်လေး တွေကို ..
ဒီ ဇနီးမောင်နှံကနေတဆင့် ..
ချစ်ခြင်း နဲ့ ထွန်းညှိပေးလိုက်ကြပါလို့ ...

ကျွန်တော် လေးစားစွာ ရပ်ခံ တိုက်တွန်း လိုက်ပါတယ်။

...........


ထာဝရမေတ္တာဖြင့်


မျိုးချစ်မြန်မာ


Click HERE to view this article on my FaceBook Page.

Saturday, February 25, 2012

" မ "



.....

ပိန်လျလျ ခန္ဓာကိုယ် .. ၀င်းဝါဖျော့တော့တဲ့ အသားရောင် .. ။ ကျောလယ်လောက်
ဆံနွယ်ဝေ့၀ဲဝဲများ .. ။ ခက်ထန်တင်းမာပြီး နာကျင်နေတဲ့ ဒါဏ်ရာရနေတဲ့မျက်နှာ .. ။ 
မျက်ရည်ပြည့်လျှမ်းကာ နီမြန်းနေတဲ့ကြားက..မီးလျှံတွေထွက်ကျမလို ပူပြင်းလောင်ကျွမ်း
နေတဲ့ မျက်ဝန်းများ .. ။ တစ်ခုချင်းစီကို အသေးစိတ် ကြည့်မိမြင်မိပြီး ရွှေသွေး သွားတွေကိုတင်းတင်းစေ့ထားမိသည် .. ။ခင်ဗျားက ဘာမို့ လို့ လဲ ..။

( ရွှေသွေးမောင်မောင် )

.....

.....


ရွှေသွေးက စိတ်တိုတိုနှင့် ဇွတ်ပင်ရှေ့ ဆက်တိုးပြီး လှေကားထစ်ကိုတက်လိုက်ပါသည် .. ။
သူမ နားကပ်မိလျှင် လှေကားလက်ရန်းကိုကိုင်ထားတဲ့ သူမ လက်တစ်ဖက်ကို ဖျတ်ကနဲ
တွန်းဖြုတ်ပစ်ကာ ဘေးကကျော်အဖြတ် ပြုတ်သွားတဲ့ထိုလက်က ရွှေသွေးရဲ့ ရှပ်အကျီ င်္စကို
တင်းကျပ်စွာ ဖျတ်ကနဲ ဆုပ်ကိုင်လာလေသည် ..။

" ဟာ .. ကျွတ် .. "

ရွှေသွေးက သူမ လက်ထဲမှ သူ့ အကျီ င်္စကို အတင်းလက်နှင့်ဖြေထုတ်ကာ သူ့ ဖက်
ယိုင်လာသယောင်ရှိတဲ့ သူမ ခန္ဓာကိုယ်ကို သူ့ ပုခုန်းစွန်းနှင့် ဆောင့်တိုက်မိတဲ့အထိ
ဇွတ်တက်လာခဲ့ပါသည် ..။ သူကအတက် သူမ က ရုတ်တရက်လဲပြိုကာ လှေကားထစ်မှ
ဒလိမ့်ခေါက်ကွေးကျသွားလေသည် ..။ လန့် ပြီးလှည့်ကြည့်လိုက်မိပြီးမှ ကွေ့ ချိုး
သံမံတလင်းမှာစောင်းခွေခွေ ခပ်မှီမှီနှင့် သူ့ ထံမျက်လုံးဝိုင်းပြီးမော့ကြည့်နေတဲ့ သူမ 
မျက်နှာကို ဖျတ်ကနဲ ပြန်လွှဲပစ်လိုက်သည် ..။

ကောင်းတယ် .. မှတ်ကရော ..
သူမ လိမ့်ကျတာ ငါးထစ်ထည်းရယ်ပါ ..သူ့ ကိုတွန်းချခဲ့တုန်းက ဆယ်ထစ်လေ ..။

( ရွှေသွေးမောင်မောင် )

.....

.....

သူ့ ကိုမုန်းတီးရခြင်းဟာ မ , ရဲ့ တစ်နေ့ တာဆောင်ရွက်ဖွယ်တာဝန်များကြားမှာ ..
နာရီတော်တော်များများ၌ မပါမဖြစ် ရောနှောနေရာယူထားပါသည် ..။
လူတစ်ယောက်အပေါ် ချစ်ရခြင်းသည်သာမဟုတ် မုန်းရခြင်းသည်လည်းပဲ
နှောင်ဖွဲ့ ခြင်းတစ်မျိုးနှင့်လူကိုရစ်ပတ်ထားတာပဲ ..။ အာရုံတွေကို ခိုးယူခံထားရခြင်း
တစ်မျိုးပဲ ..။မုန်းရတာက ပိုပြီးပင်ပန်းတယ် မ , ထင်သည် ..။ တခါတရံ သူ့ ကိုဘယ်လို
တုန့် ပြန်လိုက်မလဲ ..ဘယ်လိုနာအောင်ပြောလိုက်မလဲတွေ သတိလက်လွတ် စကားလုံး
ရွေးချယ် စီကာစဉ်ကာနေမိသည် ..။

ကိုယ့်ကိုကိုယ်သတိထားမိတဲ့အခါ လှိုင်းထန်နေတဲ့ နာကျင်မုန်းတီးခြင်းထဲ အပန်းတကြီး
ဟောဟဲဆိုက်နေတဲ့ ကိုယ့်ကိုကိုယ် ပြန်လည်ဖွေရှာတွေ့ မိလျှင် ..
မ , က မိမိကိုယ်ကို အံ့ အားသင့်လို့ မဆုံးပေ .. ။

( မ )

.....

.....

" .. သူထိုင်ရှိခိုးလည်း ပျက်စီးသွားတဲ့အရာတစ်ခုက မ , ခန္ဓာကိုယ်ထဲအကောင်းတိုင်း
ပြန်လည်တည်ရှိ လာနိုင်မှာမှမဟုတ်တာ .. သူ့ ကို ရှိခိုးခွင့်လည်းမပေးနိုင်ဘူး ..
တောင်းပန်ခွင့်လည်းမပေးနိုင်ဘူး .. တစ်နည်းနည်းတောင်းပန်ခွင့်ရလိုက်ရင် 
သူ့ ရင်ထဲမှာပေါ့သွားမယ် .. သူ့ ဖက်က အမှားတစ်ခုကို တောင်းပန်လိုက်ရပြီးပြီပဲ 
ဆိုတဲ့ စိတ်သက်သာရာမျိုး ရသွားမယ် .. အဲဒါကို သူ အရမခံနိုင်ဘူး ..
သူစိတ်ပေါ့ပါးသွားမှာကိုလည်း ကြည်ဖြူနိုင်တဲ့ စိတ်ကောင်း မ , မှာမရှိဘူး ..

သူ တစ်သက်လုံး မတောင်းပန်ရဘူး .. တောင်းပန်ခွင့် မရတော့ဘူး .. သူသေတဲ့အထိ 
သူဟာ မိန်းမတစ်ယောက်ကို " ......... " တဲ့ အထိ ရက်ရက်စက်စက် အကြင်နာ
ကင်းမဲ့စွာ အငြိုးတကြီး ဆက်ဆံခဲ့မိတယ်ဆိုတဲ့ ယူကြုံးမရစိတ် ခံစားသွားရမယ် ..

ဒီစိတ်နဲ့ ပဲ သူသေရမယ် .. နဲနဲကလေးတောင် သူ့ အပြစ်မကျေစေရဘူး .. စိတ်သက်သာရာ
မရစေရဘူး .. တောင်းပန်ချင်တဲ့ သူ့ ဆန္ဒ ဘယ်တော့မှ မပြည့်ဝစေရဘူး .. .. "

( မ )

.....

.....


" .. နင့်စကားကို ခုလောက်ထိ ရပ်နားထောင်လိုက်ရတာတောင် ငါ့နားနှစ်ဖက် 
ဘယ်လောက် ငရဲကျနေပြီလဲ နားလည်ရဲ့ လား .. နင့်ကိုမြင်နေရတဲ့ ငါ့မျက်လုံးနှစ်လုံး
ကိုတောင် သတ္တိရှိရင် .. ငါဖောက်ထုတ်လိုက်ချင်သေးတယ် ..
အနားမှာနင်ရှိနေတာ ငါပူလောင်လွန်းလို့ ပါ ရွှေသွေးမောင်မောင် .. .. "

( မ )

.....

.....


" .. ရွှေသွေးက စိတ်ပျော့တယ် .. သနားတတ်တယ် .. သူ့ မျက်စေ့ရှေ့ မှောက်မှာ
မိုင်းနပ်စ်တွေချည်းအမြဲဖြစ်နေတဲ့ မိန်းမတစ်ယောက်ကို သူဂရုဏာသက် သနားကြင်နာပြီး
ပေါက်ဖွားလာတဲ့ စိတ်ဝင်စားမှုဟာ စိတ်ကောင်းရှိတဲ့လူတစ်ယောက်ရဲ့  ကိုယ်ချင်းစာမှု
မျှသာပါပဲ ဆိုတာ မကြာခင်အချိန်မှာ သူလည်း သိသွားမှာပါ .. အဲဒါ အချစ်မဟုတ်ဘူးဆိုတာလေ .. "

( ရွှေသွေးမောင်မောင် အမေ )

.....

.....


သူ့ ဘ၀မှာ မမြင်ချင်၍ မုန်းနေရတဲ့လူတစ်ယောက်ရှိနေတာက အထီးမကျန်သလို
ခံစားရစေသည်ကို မ , တအံ့ တသြသဘောပေါက်စပြုလေသည် .. ။


လုံးဝအထီးကျန်ဆန်လှတဲ့ မ , ရဲ့ ဘ၀မှာ ချစ်စရာလူရယ်လို့ သေချာရှိမနေသော်လည်း
မုန်းစရာလူတစ်ယောက် ရှိနေသေးတာကိုက ကိုယ်ဟာ တစ်ယောက်ထည်းမဟုတ်ပါလား
လို့  .. ဘ၀င်ကျနိုင်တဲ့ခံစားချက်ကို ရနေစေခဲ့တာပါလား .. ။

သူ့ ကိုတွေ့ လျှင် မ , သွေးတို့  ဆူပွက်သည် ..။ မ , မုန်းတီးနာကျည်းသည် ..။
ဒေါသတစိမ့်စိမ့်ထွက်သည် ..။ ဤခံစားချက်တို့ က မ , ကိုလူသားဆန်စေသည် .. ။

( မ )

.....

.....


" .. မ , အမုန်းက ကျွန်တော့အတွက် ရေလို လေလို ကျွန်တော်နဲ့ ထိတွေ့ ယဉ်ပါးနေတဲ့
ကျွန်တော်အလိုအပ်ဆုံး အရာတစ်ခုဖြစ်နေပြီ ..။ မုန်းပါ မ , .. မ , ကြိုက်သလောက် 
မုန်းတော့ .. မ , မုန်းလေ ..ကျွန်တော်က ချစ်လေ .. မ , အချစ်ကိုမရရင်တောင် မ , ဆီက အမုန်းပဲဖြစ်ဖြစ် တစ်ခုခုတော့ ရယူနေပါရစေ .. မ , ရဲ့ အငွေ့ အသက်မရှိပဲ ကျွန်တော် မရှင်သန်နိုင်တော့လို့ ပါ .. "

( ရွှေသွေးမောင်မောင် )

.....

.....


အချစ်ဆိုတာဟာလည်းသံယောဇဉ်တစ်ခုဖြစ်သလို အမုန်းဆိုတာဟာလည်း သံယောဇဉ်တစ်ခုပါပဲ .. ချစ်လို့ ဖြစ်စေ မုန်းလို့ ဖြစ်စေ ဘာကြောင့်ပဲဖြစ်စေ ..
ကိုယ့်ရင်ထဲ ကိုယ့်စိတ်အတွေးထဲ .. ကိုယ့်အာရုံထဲ ..သူအမြဲရှိနေတော့တာဟာ ချည်နှောင်ခံရခြင်းတစ်မျိုးပဲပေါ့ .. ။ အဲဒီချည်နှောင်မှုကို အတိုင်းအတာကာလ တစ်ခု
အထိ ခံယူရပြီးတဲ့အခါ ကိုယ်တိုင်မဖြေလျှော့ချင်မရုန်းဖယ်ချင်ပဲ အဲဒီချည်နှောင်ခံရမှုထဲမှာ
ပျော်ပိုက်သွားနိုင်သေးတာ .. ။

အချစ်ဆိုတာနဲ့  အမုန်းဆိုတာကလည်း ဖျတ်ကနဲ အလွယ်တကူအက်ကြေနိုင်တဲ့ အလွှာပါးပါးကလေးတစ်ခုထည်းပဲကြားခံရှိတာလို့  မ , ခံယူတယ် .. အမုန်းရဲ့ တဆုံးကို အင်အားပြင်းပြင်းတိုးဝင်သွားမိရင် အဲဒီ မချစ်မမုန်းအလွှာပါးကလေးကို အရှိန်နဲ့ တိုးတိုက်မိမှာအမှန်ပဲ ..။ အဲဒီအခါ ဟိုတစ်ဖက်က .. အချစ် ဆိုတဲ့
နယ်မြေသစ်ထဲ ကျွံနစ်သွားမိမှာ မ , အကြောက်ဆုံးပဲ ရွှေသွေးမောင်မောင် .. ..။

( မ )

.....

.....



" .. ကျွန်တော်သိပါတယ် မ , .. ကျွန်တော်ဆိုလိုတာက မ , ဒီလောက်တောင် မကြည့်ချင်တဲ့မျက်နှာဆိုရင်နောက် မ , မမြင်စေရပါဘူး .. ကျွန်တော်ကတိပေးပါတယ် .. ။ 
မ , အတည်တကျ ငြိမ်သက်အဆင်ပြေ ပျော်ရွှင်နေတာပဲ ကျွန်တော် မြင်ချင်တာပါ .. ။
မ , ကိုကျွန်တော်ချစ်မိတာ .. မ , နောက်ကိုလိုက်နေမိတာ တွေကလည်း မ , ကို
ပျော်ရွှင်လာအောင် ကျွန်တော်ထားပေးချင်လို့ ပါ .. ။ ကျွန်တော့အချစ်နဲ့  မ , ဘဝ
တစ်ခုလုံးကို အလှပဆုံးလေး .. ကျွန်တော်ပြန်တည်ဆောက်ပေးချင်ခဲ့တာပါ .. ။

ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့  မ , တကယ်သေချာနေတယ်ဆိုရင် ကျွန်တော်ပဲ ထွက်သွားပေးမှာပါ ..မ , ထွက်မသွားရပါဘူး မ , .. မ , တည်ငြိမ်နေပါ .. လွင့်သွားစရာရှိရင် ကျွန်တော်လွင့်သွားပါ့မယ် မ , ရယ် .. "

(ရွှေသွေးမောင်မောင် )

.....

.....



" .. နောက်ကားမှာ ကျမကို အရူးအမူးချစ်နေတဲ့ ကောင်ကလေးတစ်ယောက် ပါလာလို့ ပါ ..
သူက နှလုံးခွဲစိတ်ထားတာ ရက်ပိုင်းပဲ ရှိသေးတာပါ .. သူဆက်မလိုက်နိုင်အောင် တားဖို့  ..
ကား ခနလေး ရပ်ပေးပါ ..
ကား ခနလေး ရပ်ပေးပါ .. " ..

( မ )

.....

.....

.....



( မတ်လ စာမေးပွဲများအပြီးမှာ ထွက်လာမယ့် .. ကျမရဲ့ " မ " ဆိုတဲ့ ၀တ္ထုထဲက
ကောက်နှုတ်ချက်လေးတွေ တချို့  အမြည်းသဘော တင်ပေးလိုက်တာပါ ..
ဒီစာအုပ်ကို အခြားသော စာအုပ်များထက် ပိုပြီးအချိန်ပေးရေးခဲ့ပါတယ် ..
ဇာတ်လမ်းထဲက မ နဲ့  ရွှေသွေးမောင်မောင်ကို ဘယ်တစ်ယောက်ကိုမှ စာဖတ်သူတွေ
မမုန်းစေချင်တဲ့ဆန္ဒကြောင့် တစ်ဖက်စောင်းနင်းမဖြစ်ရအောင်တတ်နိုင်သလောက်
ကြိုးစားရေးခဲ့ပါတယ် ..)

.....

.....



.....



.....





လမင်းမိုမို ၏ အသစ်စက်စက်လုံးချင်းဝတ္ထု





Saturday, February 18, 2012

လူစိတ်ပျောက်သွားသော သရုပ်ဆောင် မင်းအုပ်စိုး


" လူစိတ်ပျောက်သွားသော သရုပ်ဆောင် မင်းအုပ်စိုး "






Click HERE to go to my FaceBook link.




" Drunk Actor Min Oat Soe "


Myanmar Actor Min Oat Soe got drunk and behaved as an animal in public.

Warning!

Contents of this album are extremely graphic.
No one under 18 is allowed.
Do not proceed if you are under 18.



" သရုပ်ဆောင် မင်းအုပ်စိုး အရက်မူးလွန်၍ လူပုံအလယ်တွင် အရှက်အကြောက်ကင်းမဲ့စွာ ရမ်းကားနေပုံ "


အရွယ်မရောက်သေးသူများ မကြည့်ရ။



Tuesday, January 17, 2012

ဒေါ်အောင်ဆန်းစုကြည် နဲ့ အနုပညာလောက ကို စော်ကားလိုက်တဲ့ နတ်ကတော် သားစိုး


ခုတလော ပြောင်းလဲနေတဲ့ မြန်မာ့ နိုင်ငံရေး နဲ့ ပါတ်သက်လို့ ဝေဖန်သံ ကဲ့ရဲ့သံ ထောက်ခံသံ ရှုံ့ချသံတွေ အမျိုးမျိုး အဖုံဖုံ ပုံစံများစွာ နဲ့ ကြားနေခဲ့ရပါတယ်။

ဒါပေမယ့် ဒီမိုကရေစီစနစ်နဲ့အညီ လူသားတိုင်း လွတ်လပ်စွာ ကိုးကွယ် ယုံကြည် ဝေဖန် သုံးသပ် ခံစား ဖွင့်အန် ပိုင်ခွင့်ကို လေးစားတဲ့အနေနဲ့ ကျွန်တော် နဲ့ သဘောတူတူ မတူတူ အတွေးအခေါ်များစွာ ကို တတ်နိုင်သမျှ အကောင်းဖက်က ကြည့်ရှုခံစားပေးခဲ့ပါတယ် ... ။

ကျွန်တော် ဟာ ၈၈ မျိုးဆက်ပေမယ့် တော်လှန်ရေးသမား လဲ မဟုတ်ပါ ...
ကိုသူရ တို့ ကိုမင်းကိုနိုင် တို့လို ကိုယ်ကျိုးစွန့် အနစ်နာခံရဲတဲ့ နိုင်ငံရေးသမားလဲ မဟုတ်ပါ ...
ကိုကျော်သူတို့ မရွှေဇီးကွက်တို့လို လူမှုရေးသမားလဲ မဟုတ်ပါ ...
ရုပ်ရှင် ဂီတ စာပေ နဲ့ စစ်မှန်တဲ့ အနုပညာ မှန်သမျှကို မြတ်နိုးတန်ဖိုးထားတဲ့ အနုပညာ သမားတစ်ယောက်ပါ ...

၂၀၀၀ ခုနှစ်နောက်ပိုင်း အင်တာနက် နဲ့ လူမှုကွန်ယက် ကြောင့် ခေတ်မှီ တိုးတက်လာတဲ့ ဂီတ လောက မှာ HipHop ဟာ လျှင်မြန်စွာ ရေပန်းစားလာခဲ့ပြီး ဆယ်ကျော်သက်လူငယ်အများစု ကို အတိုင်းအတာ ကြီးမားစွာ လွှမ်းမိုးခဲ့ပါတယ်

ဒီကနေပြီး Hip Hop ဂီတ ပညာရှင် လူငယ်များစွာ လဲ ပေါ်ထွန်းလာခဲ့ပါတယ်

မျိုးကျော့မြိုင် ရဲ့ " Rap သီချင်းဆိုရင် လုံးဝမကြိုက် " ကနေ စလိုက်တဲ့ Hip Hop ရဲ့ သက်တမ်းဟာ Acid, Theory, Sinergy စတဲ့အဖွဲ့တွေ ကနေ ခု ရေပန်းစားနေတဲ့ မြောက်များလှစွာသော မရေတွက်နိုင်တော့တဲ့ လူငယ် တေးသံရှင်သစ်တွေ ပေါ်ထွန်းလာတဲ့ထိပါဘဲ ..

ဒီမှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် သုံးသပ်ခံစားမှု တစ်ခုပေါ်လာပါတယ်

ကျွန်တော် မှားချင်လဲ မှားမယ် မှန်ချင်လဲ မှန်မယ် ပေါ့လေ

ကျွန်တော် မြင်တာကတော့ Hip Hop ဆိုတာ Computer Program တစ်ခု နဲ့ ပိုတူပါတယ်
အားလုံးက Acid, Pro Tools, Cu-base ဆိုတဲ့ Software တွေ နဲ့ ဖန်တီးထားတဲ့ Drum Beats တွေ ရဲ့နောက်မှာ Rhymes ဆိုတဲ့ကာရန်တွေ နဲ့အညီ ဖွဲ့စည်းထားတဲ့ ကဗျာ တွေကို Pre-Programmed Music တွေ နဲ့ စည်းချက်ညီအောင် ရွတ်ဆိုခြင်းပါဘဲ

ဒါကလဲ လွယ်ကူသလားဆိုရင်တော့ မခက်ခဲပေမယ့် မလွယ်ကူပါဘူး

Hip Hop သမား သို့မဟုတ် Rapper တစ်ယောက်မှာ တခင်္ဏုပတ္တိ ဥာဏ် ဆိုတဲ့ ဖြတ်ထိုးဥာဏ် အရမ်းထက်မြက်ရပါတယ်

ဒီတော့ Hip Hop ကို ကျွန်တော် ရိုးသားစွာ ဝန်ခံရမယ်ဆိုရင် သေချာ မနှစ်သက်ပေမယ့်

သင့်တင့်တဲ့ လေးစားမှုတစ်ခု တော့ ပေးနိုင်ပါသေးတယ်

ဒါပေမယ့် မြန်မာ့ဂီတလောက မှာ ကျွန်တော် ဘယ်လို မှ မမျှော်လင့်ထားတဲ့ အကွေ့တစ်ခု ရုပ်တစ်ရက်ရောက်လာပါတယ် ...

အဲ့ဒါကတော့ မြန်မာသံစဉ် သီချင်းတွေကို နတ်ကတော် ဒိုး တွေလို Drum Machine တွေ နဲ့ တီးထားပြီး မြန်မာ သံစဉ်တွေကို Hip Hop ပုံစံဝင်အောင် ဇွတ်ဆွဲယူ ဖန်တီးထားတဲ့ ဘာမှန်းအမည်မတတ်နိုင်တဲ့ မျိုးမစစ်ဂီတ တစ်ခုပါဘဲ ...

အဲ့ဒိဖန်တီး မှု ရဲ့ အကျိုးဆက်အနေနဲ့ ..
ကျေးလက်နေ လူတန်းစားတွေ ...
ဂီတ ကို ဖျော်ဖြေရေး အနေ ထက် ပိုပြီးတန်ဖိုးမထားတတ်တဲ့ ...
ထားရကောင်းမှန်းလည်း မသိတဲ့ ...
လူတန်းစားတစ်ရပ်အတွက်
(မြန်မာသံ Hip Hop) ဆိုတဲ့ အမျိုးမစစ်တဲ့ အပေါစား ရောယှက် ဂီတ ကုန်ပစ္စည်းတစ်ခု ကိုအမှီပြုပြီး သားစိုး ဆိုတဲ့ (တောကြိုက် Rapper) တစ်ယောက် ထင်ပေါ်လာခဲ့ပါတယ်

ဒါ သားစိုး ရဲ့ သမိုင်းပါ ...

သူဟာ ယနေ့စာရေးနေချိန် မတိုင်ခင်အထိ မြန်မာ ဂီတသမား စစ်စစ် များရဲ့ ခေါင်းထဲမှာ ဟာသပျက်လုံးတစ်ခု ထက် ပိုပြီး နေရာမယူနိုင်ခဲ့ပါဘူး

ဒါပေမယ့် ယနေ့ ထွက်လာတဲ့ ပေါ်ပြူလာသတင်းဂျာနယ် ရဲ့ အင်တာဗျူးတစ်ခုမှာဖြင့် ....

"ကြားဖြတ် ရွေးကောက်ပွဲမှာ တိုင်းပြည် ကောင်းစားဖို့ကိုပဲ စဉ်းစားပြီး လုပ်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုပဲ ထောက်ခံသွားမယ့် သားစိုး"

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂီတအနုပညာရှင် တို့တွေ့ဆုံခဲ့ကြတာ အခုဆိုရင် ၃ကြိမ် တွေ့ဆုံမှုမှာ ၁ကြိမ်ထက် တစ်ကြိမ် ဂီတဘက် က အနုပညာရှင်တွေ စုံသလောက် နီးပါးတွေ့ခဲ့ ရပေမယ့် ဟစ်ဟော့ပ် အဆိုတော် သားစိုးကိုတော့ တွေ့ဆုံမှုတွေ အထဲမှာ မတွေ့ခဲ့ရပါဘူး။ တွေ့ဆုံကြတဲ့မှာ ဘာကြောင့် မပါဝင်ဖြစ် တာလဲဆိုတဲ့ အမေး ကို တော့ သားစိုးက ”ကျွန်တော်က သာကူး မဟုတ်ပါဘူး။ အရင်တုန်းက အဘ အဘ နဲ့ အခုမှ အစ်မ အစ်မ ဖြစ်သွားတဲ့ လူတွေထဲမှာလည်း ကျွန်တော်မပါဘူး။ ကျွန်တော် နဂိုကတည်းက BBC, VOA, RFA စသဖြင့် နိုင်ငံရေး အကျပ်အတည်း ရှိတဲ့ အချိန်ကတည်းက ကမ္ဘာ့ သတင်းစာတွေ နဲ့ကအစ မြန်မာ နိုင်ငံရေး အခြေအနေကို ပွင့်လင်း စွာပြောခဲ့တယ်။ ကျွန်တော်က ဖြစ်သင့်တာ၊ ကောင်းတာကို ပြောတဲ့အတွက် ဘယ်သူမှ အနှောင့် အယှက်မပေးဘူး။ အခုမှ ဒီလိုမျိုးသွားတဲ့ အထဲမှာ အရင်တုန်း ကတော့ အခွင့်အရေး ရတဲ့ဘက်မှာ နေပြီး၊ အခုမှ ပြောင်းလာကြတဲ့ လူတွေလည်းပါတယ်။ ဘယ်သူတွေ ဘာလဲဆိုတာ ပရိသတ် က သိပါတယ်။ ဒါကြောင့် ကျွန်တော့်လိပ်ပြာ ၊ကျွန်တော် လုံတဲ့ အတွက်ကြောင့် ဘာမှလုပ်စရာ မလိုပါဘူး။ ကျွန်တော် ဘာလုပ်သလဲ ဆိုတာ ပရိသတ်က သိပါလိမ့်မယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လည်း ကျွန်တော့် ရဲ့ရပ်တည်ချက် က ဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ။  အခုလက်ရှိ အစိုးရ ကကော ဘာတွေ လုပ်ပေးမှာလဲ။ ကျွန်တော်တို့ တိုင်းပြည်ကို ဦးဆောင်မယ့်သူက ဘယ်သူပဲ ဖြစ်ပါစေ။ တိုင်းပြည် တိုးတက်အောင်၊ အခြေအနေ တိုးတက်အောင် ဦးဆောင်ပေးနိုင်တဲ့ သူတွေ ဘက်ကို ကျွန်တော် လိုက်မှာပါပဲ။ ကျွန်တော့်မှာ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။ သာကူး နဲ့နှာဘူး၊ နှာဘူး နဲ့ဂန်ဒူး၊ ဂန်ဒူးနဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ်” လို့ပြောပါတယ်။ ဆက်လက်ပြီး သားစိုးက ဧပြီ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက် ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီတွေနဲ့ ပတ်သက်ပြီးလည်း ”အရင် ကျော်ဖြတ်ခဲ့ရတဲ့ သင်ခန်းစာ အဟောင်းတွေကို ယူပြီးတော့ အခု လက်ရှိမှာ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကြည့်ရမယ်။ ကြည့်ပြီးတော့မှ ကျွန်တော်တို့က ဘယ်ဟာက အကောင်းဆုံး ဖြစ်နိုင်မလဲပေါ့။ ကိုယ့်တိုင်းပြည် အတွက် တကယ်ကောင်းတဲ့ သူကို ကျွန်တော် တို့က တကယ် ထောက်ခံမှာပါ။ လောလောဆယ် မှာတော့ ဘယ်သူ့ဘယ်သူကိုမှ ကျွန်တော် မပြောနိုင်သေးပါဘူး။ ကျွန်တော့် အနေနဲ့ နိုင်ငံရေးအစွဲ လည်းမရှိပါဘူး။ တိုင်းပြည် ကောင်းစားဖို့ အတွက် ဘာကိုမှ မစဉ်းစားဘဲနဲ့ တိုင်းပြည် အကျိုးကိုပဲ စဉ်းစားပြီး လုပ်တဲ့ အဖွဲ့အစည်း ၊လူပုဂ္ဂိုလ်ကိုပဲ ကျွန်တော် ထောက်ခံ သွားမှာပါ” လို့ ပြောပါတယ်။

(လင်းအက္ခရာ)

ဆိုပြီးပါလာပါတယ် ...

သူ့ဘာသာ ဘာပြောပြော ဘယ်လို နေနေ ကျွန်တော် ဘယ်လို မှ အလေးမထားသလို ခံစားနေဖို့တောင် စိတ်ကူးမရှိပါဘူး ဒါပေမယ့် သူငယ်ချင်းတစ်ယောက် က တို့ထိ လာလို့ ဖတ်လိုက်မိတဲ့ ... သူပြောခဲ့တဲ့ ... စကားတစ်ခွန်းက ကျွန်တော့် ရင်ဝ ကို ဆောင့်ကန် ခံလိုက်ရသလို ခံစားလိုက်ရပါတယ် ..

" ဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ "..  တဲ့

အမေစု ဘာတွေ လုပ်ပေးခဲ့ပြီးပြီလဲ

ခုထိလဲ အမေစု ဘာတွေ လုပ်ပေးနေသလဲ ဆိုတာ သားစိုး အိမ်ရှေ့ ဆိုက်ကားဂိတ် က ဆိုက်ကားသမားတွေ နဲ့ သူတို့ ထိုင်တဲ့ လဖ္ဘက်ရေဆိုင်က စားပွဲထိုးတွေ ကို မေးရင်တောင် သိနိုင်တဲ့ အဖြေပါ

အမေစု ကိုတောင် ဒီလိုမေးခွန်းထုတ်ရအောင် သူဟာ မြန်မာ့အကျိုးကို ဘယ်တုန်းက ဘယ်လောက် သယ်ပိုးခဲ့ပါသလဲ
မြန်မာတွေ အတွက် သူဘယ်လောက် အနစ်နာခံခဲ့ဖူးပါသလဲ

သားစိုးဆိုတာ မနေ့တနေ့ကမှ နတ်ဆိုင်းသံတွေကို Drum Machine နဲ့တွဲပြီး မြန်မာသံစဉ်ကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီး အမြတ်ထုတ် ခဲ့တဲ့ ပေါ်ပင်လိုက် တောကြိုက် အညတြ ကောင်ပါ

ဒီလိုကောင်က ခုမှ နားထင်သွေးရောက်ပြီး အမေစု ကိုရော အမေစု ကို ထာဝရ လေးစား ချစ်ခင်ခဲ့ ပေသော်လည်း ယ္ခင် အစိုးရ ရဲ့ ရန် ကို ကြောက်နေရလို့ မခေါ်ပြောရဲပေမယ့် ကိုသူရ ဦးဆောင်ဖိတ်ခေါ်မှုကြောင့် ပူးပေါင်းပါဝင် ကျိုးစားနေစဖြစ်တဲ့ အနုပညာ သမားတွေ အားလုံးကို ...

" သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။
သာကူး နဲ့ နှာဘူး၊ ၊ နှာဘူး နဲ့ ဂန်ဒူး ၊ ဂန်ဒူး နဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ် ” 
 လို့ တိုက်ရိုက်စော်ကားလိုက်ပါတယ် ၊

ဒီတော့ ကျွန်တော့်မှာလဲ ကျွန်တော့် အသိုင်းအဝိုင်းထဲမှာ မသန့်တဲ့သွေးကိုဖေါက်ထုတ်ဖို့ တာဝန်တစ်ခုရှိလာပါတယ်

တစ်ကယ်တန်း သားစိုး ဆိုတဲ့ ချာတိတ် ပြောတဲ့ စကားကမှ သူကတော့ တကယ် မသေချာမခြင်း ဘယ်သူနဲ့မှ မပေါင်းစည်းဘူး ဆိုတဲ့ သာကူးအစစ်ရဲ့ အတ္တကို ကွတ်တိထင်ဟပ်နေတာ လုံးဝ သိသာထင်ရှားပါတယ် ..

ဒါကြောင့် ကျွန်တော်ချစ်တဲ့ မိတ်ဆွေ ပရိသတ်ကြီးကို ကနေ့ကစပြီး ဘာမဟုတ်တဲ့ ပါမွှား နတ်ကတော် သားစိုး ရဲ့ နတ်ဆိုင်းသီချင်းတွေ ကို ဒေါ်အောင်ဆန်းစုကြည် ကိုသူရ ကိုမင်းကိုနိုင် ကိုကိုကြီး ကိုဌေးကြွယ် အစရှိတဲ့ သူရဲကောင်းတို့ရဲ့ မျက်နှာကို ထောက်ထားခြင်းအားဖြင့် လုံးဝ ဆန့်ကျင် ဖို့ အားမပေးဖို့ တိုက်တွန်းလိုက်ပါတယ် ...

သားစိုး ဒီစာကိုဖတ်မိမယ်လို့ မျှော်လင့်သလို ဖတ်မိတဲ့အခါမှာ အရာအားလုံးက နောက်ကျသွားလေပြီဆိုတာ သူသဘောပေါက်သွားမယ်လို့ မျှော်လင့်ပါတယ် ..

ကျွန်တော် ဘယ်တော့မှ သည်းမခံမယ့် အထိခိုက် အပုတ်ခတ် မခံမယ့် ကျွန်တော်ချစ်တဲ့သူတွေ စာရင်းမှာ ထာဝရ ထိပ်ဆုံးမှာ ပါတဲ့ အမေစု ကိုစော်ကားလာရင် ကျွှန်တော် ဘယ်တော့မှ ဘာအကြောင်းပြချက် နဲ့ မှ သည်းခံ နားလည် ပေးမှာ မဟုတ်ဘူးဆိုတာ ပြင်းထန်စွာသတိပေးလိုက်ပါတယ်  ...


ထာရမေတ္တာဖြင့်


မျိုးချစ်မြန်မာ

Sunday, November 20, 2011

သာဓုခေါ်လိုက်ပါတော့ မရင်ငြိမ်းပွင့်









သတင်း နှင့် ဓါတ်ပုံ များအား ကိုကျော်သူ မှ မေတ္တာဖြင့် ပေးပို့သည်

စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေ မရင်ငြိမ်းပွင့်သည် ၁၇.၁၁.၂၀၁၁ နံနက်ပိုင်း တွင် သူမနေထိုင်ရာတိုက်ခန်းမှ ခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း သတင်းအား နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ သိရှိလိုက်ရသောအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သား များသည် များစွာအံ့သြခဲ့ရသည်။ မရင်ငြိမ်းပွင့်သည် စင်ကာပူနိုင်ငံ နန်ယန်ပိုလီတက္ကနစ်မှ သူနာပြု ဒီပလိုမာဘွဲ့ရရှိခဲ့ပြီး Kandang Kerbau အမျိုးသမီးနှင့် ကလေးသူငယ်ဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့ ကြောင်း သိရှိရသည်။
          (၃၁) ဘုံတွင်ရခဲလှသော လူ့ဘ၀တွင် အို၍သေခြင်း၊ နာ၍သေခြင်းစသည့် သေခြင်းတရားများ အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အတက်နိုင်ဆုံး ကူညီဖေးမ ပေးလျှက်ရှိရာ ယခုကဲ့သို့ လူ့ဘ၀ သက်တမ်း မကုန်ဆုံးခင် မိဘ၊ ဆွေမျိုး၊ မောင်နှမများအား လိမ္မာရေးခြားရှိစွာဖြင့် မိမိတတ်စွမ်းသော ပညာရပ်ဖြင့် အလုပ်အကျွေးပြုနေရှာသော နိုင်ငံ၏ သားကောင်း၊ သ္မီးကောင်းများ အချိန်မတန်ဘဲ လူ့ဘ၀မှ ထွက်ခွာသွားရခြင်းအတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းမိပါသည်။
          မရင်ငြိမ်းပွင့်၏ ရုပ်အလောင်းအား စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ၁၈.၁၁.၂၀၁၁ ရက်နေ့ ညနေ ပိုင်းတွင် မိဘများမှ ပြန်လည်သယ်ဆောင်လာခဲ့သည်။ လေဆိပ်သို့ ရောက်ရှိလာသော မရင်ငြိမ်းပွင့်၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကြောင်းကြားခဲ့၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အသင်းသားများ၊ ၀န်ထမ်းများမှ သယ်ဆောင်ပို့ဆောင်ပေးခဲ့ပါသည်။ ယနေ့ ၁၉.၁၁.၂၀၁၁ နေ့လည် (၁း၀၀) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အအေးခန်းမှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပို့ဆောင်မီးသင်္ဂြိုလ်ပေးခဲ့သည်။ မီးသင်္ဂြိုလ်ခြင်း အခမ်းအနားပြီးဆုံးချိန်တွင် ကျန်ရစ်သူမိသားစု နှင့် ဆွေမျိုးသားချင်းများမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ မရင်ငြိမ်းပွင့် အသက် (၂၂)နှစ်အတွက် ရည်စူး၍ အလှူငွေပေးအပ် လှူဒါန်းခဲ့ပါသည်။
ရောက်ရာဘုံဘ၀မှ မရင်ငြိမ်းပွင့်အား အမျှ … အမျှ … အမျှ ပေးဝေလိုက်ပါသည်။
          တို့သေရတဲ့တစ်နေ့ အနှစ်မပါ ဗလာပြန်သွားရမှာကိုသာကြောက်ပါ။ အနှစ်ပါပါ ပြန်ရရင်တော့ မြေအိုးနဲ့ ရွှေအိုးလဲရတော့မယ်လို့ ၀မ်းမြောက်လိုက်ပါတော့ . . . . ။ (၀ဋ်ကြွေးတော်ပြေဆရာတော်ကြီး)

ကျော်သူ

Wednesday, October 12, 2011

ဝိုင်းစုခိုင်သိန်း ရဲ့ " မျက်လှည့် " ကို အသေးစိပ်ဝေဖန်ခြင်း




( ၁ ) အဖွင့်သီချင်း ဖြစ်တဲ့ “ မျက်လှည့် “ က Arabian တီးလုံးလေးနဲ့ အစပြုခဲ့ပြီး “ မက်လောက်စရာ “ သီချင်းရဲ့ Mood + Tempo နဲ့ Britain Pop Style + Cha Cha Rock ကို လှပစွာ တွဲဖက်သုံးစွဲထားပါတယ်။

ဒီသီချင်း တစ်ပုဒ်ထဲကနေ တစ်ခွေ လုံးရဲ့ Attitude ကို ခံစားလိုက်ရပါတယ်။
ဝိုင်းစုခိုင်သိန်း ရဲ့ လွတ်လပ် ရဲရင့် တဲ့ မူရင်း ဝိဥာဉ် အစစ်အမှန်ကို တိုက်ရိုက် မိတ်ဆက်ပေးလိုက်တာပါဘဲ။


( ၂ ) “ အချစ် ရဲ့ ညနေ “ သီချင်း လေးကတော့ Asian Pop Melody အစစ်လေးပါ
အလွမ်းသီချင်း ပီသသွားစေတဲ့ Vocal Power ရှိတဲ့ ဝိုင်းစု အတွက် ထမင်းစားရေသောက် သီချင်းလေးဆိုပေမယ့် ဒီသီချင်းလေးမှာ သူ့ရဲ့ အသံပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ကို သေချာ တွေ့ရပါလိမ့်မယ်။
ကျွန်တော် အရမ်းကြိုက်တဲ့ သီဖွဲ့မှု ပုံစံတစ်မျိုးပါဘဲ။


( ၃ ) “ ဆည်းလည်းသံ “ သီချင်းလေးကတော့ မြန်မာ အမျိုးသမီးလေး တစ်ယောက်ရဲ့ ရင်ခုန်သံကို ရိုးရှင်းစွာ ဖွင့်ဟဝန်ခံထားတဲ့ ရိုးသားတဲ့ ရင်ခုန်သံ သီချင်းလေး တစ်ပုဒ်ပါ။
အင်မတန် လှပတဲ့ Melody လေး နဲ့ စာသားလေးတွေကို သီဖွဲ့ထားတာပါဘဲ။


( ၄ ) “ ပြန်လာခဲ့ပါ “ ဆိုတဲ့ Slow Pop သီချင်းလေးကတော့ မြန်မာ တွေ အကြိုက် အရှေ့တိုင်းဆန်တဲ့ Melody ငြိမ်ငြိမ်လေး ကို မိန်းမသားဆန်တဲ့ အတ္တလေး နဲ့ သီဖွဲ့ထားပြီး အဆွေးသံလေး ကို ပိုင်နိုင် လှပစွာ အသုံးချ သီဆိုထားတဲ့ ချက်ချင်း နားစွဲ နိုင်တဲ့ သီချင်း တစ်ပုဒ်ပါ။


( ၅ ) “ မိန်းကလေးအလှ “ ဆိုတဲ့ သီချင်းလေးကတော့ ငယ်ရွယ်သူ မိန်းကလေး တစ်ယောက်ရဲ့ အလှ နဲ့ နုပျိုမှုအပေါ်မှာ ထားတဲ့ ယုံကြည်မှုကို Hip Hop နောက်ခံတီးလုံးလေး နဲ့ သီဖွဲ့ထားတဲ့သီချင်းလေး တစ်ပုဒ်ပါ။

“ မက်လောက်စရာ တစ်ကွက်မှ မရှိသူ “ ဆိုတဲ့ စာသား ကိုပြန်ထည့်ထားတာ က အောင်မြင်ခဲ့တဲ့ အရင်ခွေက သီချင်းထဲက စာသားကို တိုက်ရိုက် ရည်ညွှန်း ထားတဲ့အပြင် အရင် သီချင်းခွေရဲ့ Title ကိုလဲ ပြန် ရည်ညွှန်း ထားသလို ဖြစ်နေတာကတော့ သိပ်အဆင်မချောလှပါဘူး။

နောက်ပြီး Indepenent, What we’ve got!, That’s what we want ဆိုတဲ့ အင်္ဂလိပ် စာသားတွေ နေရာမှာ Dual Harmony တွေ လိုနေပါတယ်။

အဲ့ဒိ နေရာတွေ က စာသား ရဲ့ Punch Line တွေ ဖြစ်တဲ့အတွက် Harmony မပါမဖြစ် လိုပါတယ်။
ခုက အဲ့ဒိ နေရာတွေမှာ ဟာပြီး ချောင်နေတဲ့အတွက် သီချင်းက မြူးသင့်သလောက် မမြူးသလို ဖြစ်နေတယ်လို့ ခံစားရပါတယ်။

ဒါ ဟာ တေးဆိုသူ ဝိုင်းစု ရဲ့ လစ်ဟာမှု မဟုတ်ပါဘူး။

တေးရေး နဲ့ Composer သို့မဟုတ် Arrangement ရဲ့ ပြန်လည် စီစစ် ဖို့ လိုအပ်ချက် တစ်ခုပါ။


( ၆ ) “ ချစ်သူမရှိတဲ့အချိန် “ ဆိုတဲ့ အလွမ်းသီချင်းလေးက Japanese Style Romantic Melody ရိုးရိုးလေး တစ်ပုဒ်ပါ။

“ မက်လောက်စရာ “ တေးစီးရီးထဲက “ ပြန်တော့ကွယ် “ ဆိုတဲ့ သီချင်းလေးရဲ့ Frame နဲ့ တော်တော်လေး တူပေမယ့် မူကွဲပါတယ်။
နားစွဲလွယ်ပြီး မိန်းကလေး ပီသတဲ့ နူးညံ့မှု ကို ဖေါ်ကျူး ထားတဲ့သီချင်းလေး တစ်ပုဒ်ပါဘဲ။


( ၇ ) “ Snow White “ ဆိုတဲ့ သီချင်းလေးကတော့ ၁၉၈၀ နှစ်ဦးလောက်တုန်းက နာမည်ကျော်ကြားခဲ့တဲ့ " မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မှာ ကလေးသရုပ်ဆောင် အဖြစ် နဲ့ အကယ်ဒမီ ဆု ကို ဆွတ်ခူးနိုင်ခဲ့တဲ့ သရုပ်ဆောင် အဆိုတော် ငြိမ်းငြိမ်းအိ (သို့မဟုတ်) အင်္ဂလန်စိန် ရဲ့ နာမည်ကျော်ကြားခဲ့တဲ့ သီချင်းလေး တစ်ပုဒ်ကို ပြန်သီဆိုထားတာပါ။

ဒီသီချင်းလေး ကို ကျွန်တော့်အဖိုး ဒါရိုက်တာ ဦးကြီးမြင့် က သရုပ်ဆောင် စိုးမိုးအောင် (အာလူး) ဇော်ဦး ငြိမ်းငြိမ်းအိ တို့ နဲ့ ရိုက်ကူးခဲ့တဲ့ “ မဆုံဆည်းခဲ့လေသော အချစ်များ “ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား မှာ ဇာတ်ဝင်ခန်း တေးသရုပ်ဖေါ် အနေနဲ့ အဲ့ဒိ ခေတ်တုန်းက ရုပ်ရှင် ကားတစ်ကားရဲ့ တစ်ကားလုံးအတွက် လိုအပ်တဲ့ သုံးငွေ ပမာဏ နီးပါး ကုန်ကျတဲ့ Setting အကြီးကြီး တစ်ခု ကို A1 ခြံထဲမှာ အားလုံး ကန့်ကွက်တဲ့ကြားက ဇွတ်တည်ဆောက်ပြီး ၄ မိနစ်စာ အိပ်မက်ခန်း လေးတစ်ပုဒ်ကို ငွေ ၅၀၀၀၀ နီးပါး သုံးပြီး ရိုက်ခဲ့ပါတယ်။

(မှတ်ချက် ။ ။ အဲ့ဒိတုန်းက ရုပ်ရှင်တစ်ကားရဲ့ ထုတ်လုပ်မှု စားရိတ်ဟာ တစ်သိန်းကျော်ရုံလေးဘဲ ရှိပါတယ်၊ ရွှေတောင်ကြားလမ်း နဲ့ ဝင်ဒါမီယာ ထဲက အိမ် တစ်လုံးဟာ တစ်သိန်းခွဲ နဲ့ ၂ သိန်းခွဲကြားမှာဘဲ ရှိပါသေးတယ်)

အဲ့ဒိ သီချင်းလေးက ငွေကုန်ရုံတင်မကဘဲ မှတ်မှတ်ရရ မြန်မာ့ရုပ်ရှင် ဆင်ဆာ အဖွဲ့ နဲ့ ပထမဆုံး အတိုက်အခံ လုပ်ပြီး Lip Kiss လို့ ခေါ်တဲ့ နှုတ်ခမ်းချင်း ထိပြီးနမ်းတာကို မြန်မာ ကားတွေ ထဲမှာ ပထမ ဆုံး နဲ့ နောက် ဆုံးအကြိမ် ထည့်သွင်း ပြသခဲ့တာပါ။

ယောကျာ်း နဲ့ မိန်းမ နှုတ်ခမ်းခြင်းမနမ်းပြရဘူး ဆိုတဲ့ ရုပ်ရှင် ဆင်ဆာအဖွဲ့ ရဲ့ စည်းကမ်းအရ မိန်းကလေးခြင်းတော့ နမ်းပြလို့ရတယ်ပေါ့ ဆိုတဲ့ ဟာကွက်ကို မရမက နင်းပြီး အတင်း ကြိုတင်ခွင့်တောင်းပြီး အတိုက်အခံညှိနှိုင်းမှုတွေ လ နဲ့ချီ ကြာပြီးတဲ့အခါမှာ ရုပ်ရှင် အစည်းအရုံးက အိပ်မက်ခန်းဘဲ ဖြစ်ရမယ်
အိပ်မက်လို့လဲ သိသာအောင် ပြရမယ်
နောက်ပြီး မိန်းကလေး ခြင်းဘဲ နမ်းရမယ်
နှုတ်ခမ်းခြင်း လဲ ထိရုံဘဲထိရမယ် Open Mouth မဟုတ်ရဘူး ( No Tounge )
စတဲ့ ကန့်သတ်ချက်တွေ နဲ့ ခွင့်ပြုချက်ရပြီးတော့မှ

မိန်းကလေးတစ်ယောက်ကို ယောက်ျားလေး နဲ့ တစ်ပုံထဲဖြစ်အောင် ပြင်ပြီး အင်္ဂလန်စိန် ကို မင်းသားလေးက နှုတ်ခမ်းကို နမ်းတဲ့အခန်း ကို ရအောင် ကပ်သီးကပ်သပ်ရိုက်ခဲ့တဲ့ ကျွန်တော့် အဖိုး ရဲ့ ဥာဏ်ကို ဆင်ဆာ အဖွဲ့ လက်မြှောက်ခဲ့ရတဲ့ မြန်မာ့ရုပ်ရှင်လောက မှာ သမိုင်းတင်ရစ်ခဲ့တဲ့ ၅ စက္ကန့် ကြာ အနမ်းလေး တစ်ပွင့် ရဲ့ သမိုင်းကို ရုပ်ရှင်ကြည့် ပရိသတ် တွေ သေချာ သိချင်မှ သိခဲ့ကြမှာပါ။


ဘယ်လိုဘဲ ဖြစ်ဖြစ် သမိုင်းတွင်ရစ်ခဲ့မှာ မဟုတ်မှန်း အကယ်ဒမီ ရမယ့် ဇာတ်ကားမျိုး မဟုတ်မှန်း သိပေမယ့် " စနေမောင်မောင် " လို ကားမျိုးကို ဦးညွန့်ဝင်း နဲ့ ပင်းတယ လို သဘာဝ ဥမင် အကြီးကြီး ကို Warehouse Size Studio ကြီး ထဲမှာ အတုကြီး အပြည့်ဆောက်ပြီး သင်္ကြန်မိုး လို အကုန်ခံပြီး ရိုက်ကူးရဲခဲ့တဲ့ .....

“ မုန်းရခက်ကြီး “ ဆိုတဲ့ ကားထဲမှာ အရက်မူးနေတဲ့ မင်းသား (ကျော်သူ) နံရံပေါ်ကို လမ်းတက်လျှောက် သွားဖို့ စက္ကန့် သုံးဆယ် ကြာအခန်းလေး အတွက် ဆုံလည် သံမဏိ စက်ဝိုင်းအကြီးကြီး ပေါ်မှာ ကျွန်တော် တို့ အိမ်က အိပ်ခန်း ရဲ့ ပုံစံတူ မော်ဒယ်ကို ၉၀ ဒီဂရီ လှည့်လို့ရအောင် ၆ သောင်းလောက် အကုန်ခံ ဆောက်ပြီး “ ဟေ့ အချစ် “ ဆိုတဲ့ သီချင်းကို ရိုက်ပြရဲခဲ့တဲ့ .....
ကျွန်တော့် အဖိုး ကို ကျွန်တော် လေးစားစွာ ဂုဏ်ယူပါတယ်။

မလိုအပ်ဘဲ ပေရှည်သွားခဲ့ရင်တောင်းပန်ပါတယ်။

ဒါပေမယ့် ကျွန်တော် ဝိုင်းစုခိုင်သိန်း ကို ဘာကြောင့် ဒီလောက် ကာကွယ်ပေးခဲ့သလဲ ဘာလို့ ဒီ ကလေး ကို ဒီလောက် ချစ်သလဲ လို့ မေးနေကြသူတွေကို သူဟာ ကျွန်တော့် အဖေရဲ့ တပည့် ရင်း ဖြစ်တဲ့အပြင် ကျွန်တော် လေးစားချစ်ခင်တဲ့ ကိုငှက်ကြီးရဲ့ တပည့်ရင်းလေးလဲ ဖြစ်သလို ရုပ်ရှင် သရုပ်ဆောင်တွေထဲမှာ ထူးခြားစွာ ဂီတ ကို ပိုင်နိုင်ကျွမ်းကျင်တဲ့ ကလေး တစ်ယောက် မို့ ကျွန်တော့် ရဲ့ အနုပညာ သွေးသားရင်းချာလေး တစ်ယောက်လို ကျွန်တော် သဘောထားပါတယ် ဆိုတာကို ကြုံကြိုက်တုန်း ပြောပြချင်လို့ပါ။


( ၈ ) “ First Love “ ဆိုတဲ့ သီချင်းလေးကတော့ လူတစ်ရာ မှာ ၉၉ ရောက် လောက် ခံစားနိုင်မယ့် Country Pop Style ဆန်ဆန် သီချင်းလေးပါ။

ချောချော ရုပ်ဆိုးဆိုး အိုအို ပျိုပျို ကြီးကြီး ငယ်ငယ် လူတိုင်းမှာ အချစ်ဦးဆိုတာ ရှိခဲ့ဖူးပါတယ်
ရည်းစားဦးဆိုတာ မရှိခဲ့ဖူးသေးတဲ့ အပျိုဟိုင်း လူပျိုဟိုင်း ကြီးတွေ မှာတောင် ဘယ်သူ့ကို မှ ဝန်မခံခဲ့တဲ့ တစ်ဖက်သပ် အချစ်ဦးဆိုတာ ရှိခဲ့စမြဲပါ။

ဒီသီချင်းလေး မှာ အဆို အတီး တေးရေး ပညာပိုင်းဆိုင်ရာ ဘာမှ ထူးခြားမှု မရှိပေမယ့် အတိုင်းအတာ တစ်ခုထိ ခံစားမှု တစ်ခုကို ပေးနိုင်တဲ့ သီချင်းလေးတစ်ပုဒ်ပါဘဲ။


( ၉ ) “ ရုပ်ဆိုးမ “ ….. ကတော့ တစ်ခွေလုံး မှာ အကောင်းဆုံး နဲ့ အကြိုက်ဆုံး သီချင်းလေးပါ။


စ နားထောင်မိတာနဲ့ ဒီတစ်ခွေ လုံးကို အပိုင်ဝယ်သိမ်းထားချင်စိတ် ပေါက်သွားစေနိုင်တဲ့ သီချင်း လေးက ဒီ သီချင်းပါဘဲ။

ဒီ တစ်ခွေ လုံးတင် မကပါဘူး။

ဝိုင်းစု ဆို ခဲ့တဲ့ သီချင်း လေးတွေ အားလုံးထဲမှာ ယနေ့ထက်ထိ ကျွန်တော် အကြိုက်ဆုံး သီချင်းတစ်ပုဒ် အဖြစ် ပထမဆုံး နားထောင်ဖြစ်ကထဲက မှတ်တမ်းတင်ဖြစ်သွားခဲ့တဲ့ သီချင်းလေးပါဘဲ။

Alternative Rock တွေကို အရမ်းကြိုက်တဲ့ ကျွန်တော့်လို ပုရွက်ဆိတ် တစ်ကောင် အတွက် ဒီသီချင်းက ပျားရည် ပုံးကြီးလို့ ပြောလို့ရပါတယ်။

Melody က စပြောရရင် Teen Alter Standard ကို လုံးဝ အပြည့်ဝင်ပါတယ်။
Chord Frame ကလဲ အရမ်း လှပါတယ်။

သီချင်းရေးသူရဲ့ ဟာသ ဥာဏ် က လဲ အရမ်း ထက်မြနေပါတယ်။

ဝိုင်းစု ရဲ့ ဆိုဟန် (Vocal Attitude) ကလဲ သီချင်း ရဲ့ Theme ထဲက ရုပ်ဆိုး ဝတုတ်မလေး ရဲ့ Character ကို 100% ထင်ဟတ်စေပါတယ်။

သီချင်း ကို Compose လုပ်ထားတာကလဲ American Youth Alter Pop/Rock Style အပြည့်ပါဘဲ
ဒီသီချင်းကို ပွင့် နဲ့ ရိုက် ဖို့ ဝိုင်းစု စိတ်ကူးမိမယ် လို့ ထင်ပါတယ်။

ဖြစ်နိုင်ရင် သီချင်းရဲ့ အစပိုင်း တစ်ဝက်လောက်ကို ပွင့် နဲ့ ဟာသလေးတွေ ရိုက်ပြပြီး Chorus အရောက်မှာ ဝိုင်းစု က Band နဲ့ စင်ပေါ်မှာ ဆိုနေတာ ကို ပွင့်က အောက်ကနေ ကြည့်ပြီး သဘောတွေ ကျနေတာ မျိုး ပြထားပြီး မှ 3rd Verse မှာ စပြီး သူ တွေးသမျှ တလွဲတွေ ဖြစ်လာတာကနေ နောက်ဆုံး တစ်ကယ်က ဆိုနေတဲ့ သူ ကိုယ်တိုင်ကလဲ ပွင့် ဖြစ်နေပြီး ဝိုင်းစု က သူ ကြည့်ပြီး စိတ်ကူးယဉ်နေတဲ့ ပရိသတ် ကောင်မလေး ဖြစ်နေတာ မျိုးလေး နဲ့ သိမ်းလိုက်ရင် အရမ်းချစ်စရာကောင်းတဲ့ သီချင်းလေး ဖြစ်သွားမှာပါ။


( ၁၀ ) “ ချစ်ဦးပုံပြင် “ ကတော့ တစ်ခွေလုံးမှာ ဒုတိယ အကြိုက်ဆုံးနဲ့ အခံစားရဆုံးသီချင်းလေး တစ်ပုဒ်ပါဘဲ။

6/8 Beat နဲ့ ဂျပန် သီချင်းလေး တစ်ပုဒ် ကို မြန်မာ လို ကြားရလိုက်သလိုပါဘဲ
အရမ်းလှပတဲ့ Melody လေးပါဘဲ။

မေ့ဖျောက်ဖို့ မလွယ်တော့တဲ့ အချစ်ဟောင်း အတွက် အလွမ်းလေးကို လှပစွာ ဖေါ်ကျူးထားတဲ့ အပြစ်ပြောစရာမရှိအောင် လှပနေတဲ့ သံစဉ်လေးပါ။

အထူးသဖြင့် မိန်းကလေးတွေ အရမ်း ကြိုက်ကြမယ် ဆိုတာ သေချာပါတယ်။


( ၁၁ ) “ ကြောင် “ ဆိုတဲ့ သီချင်းလေးကတော့ မိန်းကလေးတစ်ယောက်ရဲ့ မာန နဲ့ ယောက်ျားလေးတစ်ယောက်ကို သရော်ထားတဲ့ Hip Hop Style သီချင်းလေးတစ်ပုဒ် ပါ။

ကြိုက်လှချည်ရဲ့ လို့ တစ်ဖွဖွ ပြောနေရလောက်မယ့် သီချင်း မဟုတ်ပေမယ့် နားထောင်လို့ကောင်းတဲ့ သီချင်းလေး တစ်ပုဒ်ပါ။

နောက် ၆ လ လောက် အကြာမှာ ဝိုင်းစုခိုင်သိန်း သီချင်းလေး ရယ်လို့ မှတ်မိနေစေမယ့် သီချင်းတော့ မဟုတ်ပါဘူး။

အဆိုတော် တစ်ယောက် သိသင့်တဲ့ အချက်တစ်ခုပါ။


( ၁၂ ) “ နှုတ်ဆက်ပါတယ် “ ကတော့ အပိတ်နှုတ်ဆက်သီချင်း ပီသ စွာ လှပတဲ့ Pop Alter Melody လေး ကို မြန်မာ ဆန်စွာ ရေးဖွဲ့ထားတဲ့ သီချင်းလေးပါ။

အဆိုအတီး ဘာမှ ပြောစရာမရှိပါဘူး။

ဝိုင်းစု အသံ Vibration လေးတွေ သိပ် မသုံးတတ်တာ ကို ဒီသီချင်းလေး မှာ သတိထားမိပါတယ်။

သီချင်းရဲ့ Mood မြင့် မြင့် သွားတဲ့ အချိန်လေးတွေ မှာ သူ့ ရဲ့ အသံလေးတွေ ခါ သွားသင့်တဲ့ အခါလေးတွေ မှာ အသံလေးတွေ ဖြောင့်နေတာ သီချင်းရဲ့ Emotional Level ကို အားပျော့သွားစေပါတယ်။
ဒါက အလေ့အကျင့် နဲ့ အသက်အရွယ် နှစ်မျိုးလုံးနဲ့ ဆိုင်ပါတယ်။


အဲ့ဒါ လေးကို သတိထားပြီး လေ့ကျင့်ပေးဖို့ လိုနေတယ်ဆိုတာလေးက လွဲရင် ဒီခွေလေးက ပထမ ခွေလိုဘဲ နိုင်ငံတစ်ကာ အဆင့်အတန်း မှီ ပြီး စွဲမက်ဖွယ်ရာ မက်လောက်စရာ အပြည့်နဲ့ သီချင်းစီးရီးလေး တစ်ခု ဖြစ်ပါတယ် ဆိုတာ ကျွန်တော် နားလည်သမျှ ဂီတရဲ့ ပေတံတွေ နဲ့ တိုင်းထွာ ဝေဖန်သုံးသပ်ရင်း …
ကျွန်တော် ချစ်တဲ့ ညီမလေး ဝိုင်းစု အနုပညာ လောက မှာ ထာဝရ ရပ်တည် နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ။ ။


မျိုးချစ်မြန်မာ

Tuesday, September 27, 2011

စာရေးဆရာမ လမင်းမိုမို ၏ Blog နှင့် Facebook Fan Page စာမျက်နှာသစ်များ စတင်ဖွင့်လှစ်


Please click on photo to ENLARGE!

မြန်မာ့စာပေလောက ကို ဆယ်ကျော်သက် အထက်တန်းကျောင်းသူဘဝ ကတည်းက စတင်ဝင်ရောက်ခဲ့ပြိး ယနေ့ထိတိုင် အောင်မြင်နေဆဲ ဖြစ်သူ စာရေးဆရာမ လမင်းမိုမို က သူမကို အနှစ်သုံးဆယ် နီးပါး စဉ်ဆက်မပြတ် အားပေးခဲ့တဲ့ အားပေးနေဆဲလဲ ဖြစ်တဲ့ မြန်မာပြည် နဲ့ ကမ္ဘာအနှံ့အပြား မှာ နေထိုင်နေတဲ့ ပရိသတ် များအတွက် တိုးတက်ပြောင်းလဲ လာတဲ့ နည်းပညာ ခေတ် နဲ့ အညီ သူမ ရဲ့ ကိုယ်ပိုင် အင်တာနက် စာမျက်နှာ အသစ် နှစ်ခု ဖြစ်တဲ့

Lamin Mo Mo Blog
http://laminmomo.blogspot.com/

နဲ့

La Min Mo Mo Fan Page (Face Book)
http://www.facebook.com/laminmomo တို့ကို တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။  

Thursday, August 25, 2011

Lazy Club in Las Vegas 2011


Please click on photo to ENLARGE!



Photos - Myo Chit Myanmar

Aug 23rd ရက်နေ့ ည Neveda ပြည်နယ် Las Vegas မြို့မှာ ကျင်းပမယ့် Lazy Club အဖွဲ့ကို ဖိတ်ခေါ်ထားတဲ့ Las Vegas က မြန်မာ မိသားစု များ စီစဉ်တဲ့ တွေ့ဆုံ ဖျော်ဖြေပွဲကလေးပွဲ ကို ပွဲစီစဉ်သူ မသီတာ နဲ့ မိတ်ဆွေများရဲ့ ဖိတ်ခေါ်မှုကြောင့် ကျွန်တော် သွားရောက် မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။ 

Thursday, August 18, 2011

Sunday, August 14, 2011

စာရေးဆရာကြီး နန္ဒာသိန်းဇံ ကွယ်လွန်

နန္ဒာသိန်းဇံ (၁၉၄၇-၂၀၁၁)

နိုင်ငံကျော် စာရေးဆရာကြီး ဦးနန္ဒာသိန်းဇံ ဟာ ၂၀၁၁ သြဂုတ်လ ၁၄ ရက် မြန်မာစံတော်ချိန် ည ၇း ၂၀ က ကွယ်လွန်သွားခဲ့ပါတယ်

လွန်ခဲ့တဲ့ ၇ နှစ် တုန်းကလဲ နိုင်ငံကျော် အဆိုတော် ထူးအိမ်သင် ဟာ ဒီတစ်ရက်ထဲမှာဘဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ဆရာကြီး ရဲ့ ကျန်ရစ်သူ မိသားစု နဲ့ ဆရာကြီးရဲ့ ပရိသတ် များအားလုံးအတွက် မျိုးချစ်မြန်မာ နှင့် မိတ်ဆွေများ မှ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲမိပါကြောင်း ..  

Tuesday, July 19, 2011

Lazy Club L.A Show (2011)



Photo - Myo Chit Myanmar

All photos are copyright protected properties of Myo Chit Myanmar HD Media Production.
Re-distributing on any form of media is not permitted without my direct approval.

Violators will be prosecuted.  

Tuesday, July 12, 2011

နောက်ဆုံးဂါရဝ





သတင်း နှင့် ဓါတ်ပုံ များအား ကိုကျော်သူ မှ မေတ္တာဖြင့် ပေးပို့သည်


နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ ရန်ကုန်မြို့၊ မိုးကုတ်ဝိပဿနာတရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေးအဖွဲ့ချုပ်၊ နာယကချုပ်ဆရာတော်၊ ဇိနမာရ်အောင်စေတီတော်ဂေါပကအဖွဲ့ သြ၀ါဒါစရိယ၊ (၁၀၈)တောင်စေတီတော်ဂေါပကအဖွဲ့ သြ၀ါဒါစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မဟာ ကမ္မဋ္ဌာနာစရိယ သက်တော်ရှည် အောင်စကြာမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကြီး၏ ဦးစီးပဓာန မဟာနာယက ဆရာတော်ကြီး ဘဒ္ဒန္တ၀ိမလဗုဒ္ဓိ သက်တော် (၈၅) နှစ်၊ ၀ါတော် (၆၅)၀ါသည် ၅.၇.၂၀၁၁ ရက်နေ့တွင် ဘ၀နတ်ထံပျံလွန်တော်မူသွားခဲ့ပြီး ယနေ့ ၁၁.၇.၂၀၁၁ ရက်နေ့ နေ့လည် ၁း၀၀ နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများသည် သာကေတမြို့နယ်၊ အောင်စကြာမိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းမှ ရေဝေးသုဿန် ခန်းမဆောင်သို့ပင့်ဆောင်၍ နေ့လည် (၃း၀၀) နာရီအချိန်တွင် အန္တိမအဂ္ဂိ ဈာပနအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့သည်။  

Friday, July 8, 2011

ပဋ္ဌါန်းဆက်ကုသိုလ်

Please click on photo to ENLARGE!



Please click on photo to ENLARGE!

သတင်း နှင့် ဓါတ်ပုံ များအား ကိုကျော်သူ မှ မေတ္တာဖြင့် ပေးပို့သည်

မြောက်ဒဂုံမြို့နယ်ရှိ မဟာရာမသီလရှင်ကျောင်းတွင် သမိန်ဒွတ်ရွာ၊ ကော့ကရိတ်မြို့နယ်၊ ကရင်ပြည်နယ်ရှိ ဆရာတော်ကြီး ဦးလာဘသာမိ သက်တော် (၉၄)နှစ် နှင့် သထုံမြို့နေ ဦးယုကောင်း အသက် (၉၁) နှစ် (အမြင်အာရုံမကောင်းမွန်) နှစ်ဦးတို့ ဆုံတွေ့စဉ်နှစ်ဦးစလုံး၏ စိတ်ဆန္ဒတွင် အလှူဒါနတစ်ခု ပြုလုပ်လိုကြောင်း
ယင်းအလှူသည် အများအကျိုးကို သယ်ပိုးနေသော သူတို့ထံတွင် လှူဒါန်းလိုကြောင်း ပြောဆိုကြရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းမှုပြုရန် နှစ်ဦးစလုံး အဖြေတစ်ခု ရရှိသွားသည်။

ထို့ကြောင့် ၇.၇.၂၀၁၁ (ကြာသပတေး) နေ့တွင် မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆရာတော်ကြီး ဦးလာဘသာမိ၏ သမီးဖြစ်သူ သီလရှင်တစ်ပါးမှ ခေါ်ဆောင်လာကာ ဦးလာဘသာမိမှ အလှူငွေ ၁၀၀၀၀၀/- ကျပ်၊ ဦးယုကောင်းမှ အလှူငွေ ၂၀၀၀၀၀/- ကျပ်တို့ကို လှူဒါန်းသွားခဲ့သည်။

ထိုသို့ လှူဒါန်းမှုကိုလာရောက်ပြုလုပ်စဉ် ဆရာတော်ကြီးမှ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူအား ဦးကျော်သူ၏ တပည့်သားသမီးတို့အားလုံး သီလလုံရန်တိုက်တွန်းကာ သီလလုံကာမှ အသက်ရှည်ကျန်းမာပြီး အများအကျိုးကို ဆထက်တန်ဘိုး ထမ်းဆောင်နိုင်မည်ဖြစ် ကြောင်း ဆိုဆုံးမ၍ ဆုမွန်ကောင်းများ ပေးအပ်သွားခဲ့သည်။
ထို့ပြင် မိမိတို့နှင့် ယခုလို ဆုံတွေ့ခြင်းမှာ ယခင်ဘ၀များကတည်းက တော်စပ်ခဲ့သော ပဋ္ဌါန်းဆက်များ ကြောင့်ပင်ဖြစ်ကြောင်း၊ မိဘသဖွယ် ရင်းနှီးနွေးထွေးစွာ ပြောဆိုခဲ့သည်နှင့်အညီ ကျွန်တော်၏ စိတ်တွင်လည်း ဆရာတော်ကြီး ဦးလာဘ သာမိ မော်တော်ယာဉ်ပေါ်မှ ဆင်းဆင်းခြင်း ကျွန်တော်၏ ဖခင်သဖွယ်၊ ကျွန်တော်၏ အဘိုး သဖွယ် ဆရာတော်ကြီးအား မြင်တွေ့ခံစားမိသည်။

တစ်ရံသောအခါက တော်စပ်ခဲ့ဖူးသော မိဘ၊ ဘိုးဘွား များတို့နှင့် ပြန်လည်ဆုံတွေ့ရသကဲ့သို့ ၀မ်းသာ ပီတိ ဖြစ်မိတော့သည်။

ကျော်သူ

ပဲ့တင်ထပ်သွားသော ကုသိုလ်ကောင်းမှုတစ်ခု


Please click on photo to ENLARGE!



သတင်း နှင့် ဓါတ်ပုံ များအား ကိုကျော်သူ မှ မေတ္တာဖြင့် ပေးပို့သည်

ဦးဇော်ထွန်းလင်း၏ ဇနီး ဒေါက်တာ စုစုရီသည် ပျဉ်းမနားမြို့တွင် စတုဒီသာကျွေးမွေး လှူဒါန်း ခြင်းနှင့် မိဘမဲ့ကလေးငယ်များ ကူညီစောင့်ရှောက်ရေး ဘုန်းတော်ကြီးကျောင်းများသို့ စဉ်ဆက်မပျက် လှူဒါန်းမှုများ ပြုလုပ်နေသော ဒါနရှင်၊ ကုသိုလ်ရှင်တစ်ဦး ဖြစ်သည်။

၇.၇.၂၀၁၁ (ကြာသပတေး) နေ့တွင် ဒေါက်တာ စုစုရီသည် မွေးမိခင် ဖခင် ဦးခင်ဝင်း + ဒေါ်ရီရီ (မိသားစု) တော်ဝင်အိမ်ရာ ၄၁ ရပ်ကွက်၊ မ/ဒဂုံမြို့နယ်တို့အား အမှူးထား၍ လူမှုရေးလုပ်ငန်း များကို ကိုယ်ကျိုးမဖက်လုပ်ဆောင်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းလိုသည့် စိတ်ဆန္ဒအရ မိမိ၏ ၀င်ငွေများထဲမှ လှူဒါန်းရန်အတွက်  သီးခြားဖယ်ထားသော ငွေကျပ် ၂၀၀၀၀၀/-(နှစ်သိန်း) နှင့်ညီမျှသော ထမင်း ကြက်သားဟင်း၊ ၀က်သားဟင်း၊ အချဉ်ရည်ဟင်း၊ တို့စရာများတို့ဖြင့် စုံလင်စွာ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခအဟာရ စားသောက်ဆိုင်တွင် အသင်းသူ/သားများ၊ ၀န်ထမ်းများနှင့် သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)သို့ ဆေးဝါးလာရောက်ကုသကြသော လူနာများ၊ လူနာရှင်များ စုစုပေါင်း (၂၀၀) ကျော်တို့ကို နေ့လည်စာ အဟာရဒါနအဖြစ် ဒေါက်တာ စုစုရီနှင့် တပည့်များကလာရောက်ကာ ကုသိုလ်ဖြစ် ဧည့်ခံကျွေးမွေးခဲ့သည်။

ထိုကဲ့သို့ ကျွေးမွေးလှူဒါန်းမှု အပေါ်တွင် အလှူရှင် ဒေါက်တာ စုစုရီသည် ယခုကဲ့သို့ အများအကျိုးကို ကိုယ်ကျိုးမဖက် ပေးဆပ် နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)ကို လှူဒါန်းခဲ့မှုမှာ ပထမဦးဆုံးသော လှူဒါန်းမှုဖြစ်ကြောင်း မိမိသည်လည်း အလွန်ဝမ်းမြောက် ပီတိဖြစ်ခဲ့ရကြောင်း၊ မိမိ၏ စိတ်သည်လည်း အလွန်ပျော်ရွှင်မှု ပီတိကို ဖြစ်ပေါ်လာကြောင်းနှင့် မိမိကိုယ်တိုင် ဤအသင်းတွင် အများနည်းတူ လုပ်အားဒါနများ ပေးလှူချင်စိတ်များ ပေါ်ပေါက်လာကြောင်းတို့ကို ထက်သန်စွာ ပြောကြားသွားခဲ့သည်။

ထိုထိုသော ကောင်းမှုကုသိုလ်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၊့ သုခကုသိုလ်ဖြစ် ဆေးခန်း(ရန်ကုန်)နှင့် (၇) ရက်သားသမီး ဆေးဝါးလာရောက်ကုသသူ အပေါင်းတို့၏ သာဓု … သာဓု … သာဓု ဟုခေါ်ဆိုလိုက်သံသည် ပဲ့တင်ထပ်သွားပါတော့သည်။

ကျော်သူ

Wednesday, July 6, 2011

ညှို့ချက်ြ​ပင်းသော အမျိုးသမီး​သုံးယောက်

ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအချို့၏ မြို့နယ်များတွင်းရှိ လူနေအထပ်မြင့် အဆောက်အအုံများတွင် မသမာသူ အမျိုးသမီးသုံးဦးသည် ဗေဒင် နက္ခတ် နတ်များကို အလွန်အမင်း ယုံကြည်သူ အမျိုးသမီးများအား ပြစ်မှတ်ထားပြီး အလှူခံအဖြစ် ဝင်ရောက်ကာ ခေတ်သစ် တို့ဆေး ခေါ် စိတ်ညှို့အတတ်ပညာများဖြင့် ငွေလိမ်လည် တောင်းခံမှုများ မကြာခဏ ပြုလုပ်ခဲ့တယ်လို့ သိရသည်။

“ကျွန်မအိမ်ကို နေ့လယ် ၁ နာရီကျော်ကျော်လောက်မှာ အလှူခံလာတယ် ကျွန်မအမျိုးသားကလဲ ဆုံးထားတာ မကြာသေးတော့ ကျွန်မလဲ ကောင်းမှုကုသိုလ်လုပ်မယ်ဆိုတဲ့ အနေနဲ့ တံခါးဖွင့်ကြည့်တော့ အိမ်ရှေ့ မှာ ကုလားမသုံးယောက် ရောက်နေတယ် သူတို့ကဘုရားပွဲရှိတယ် ကုလားမီးနင်းပွဲ အတွက် အလှူခံပါတယ်တဲ့ တတ်နိုင်သလောက် လှူနိုင်တယ်တဲ့ နောက်ပြီး သူတို့ သုံးယောက်က ကျွန်မအမျိုးသား ဆုံးတာ သိနေတယ် တစ်ယောက်က ပုဂ္ဂိုလ်ပူးသလိုလို ဘာလိုလိုနဲ့ ကျွန်မအမျိုးသားက မကျွတ်သေးဘူးတဲ့ အိမ်နားမှာဘဲ ရှိနေသေးတယ်တဲ့ အဲဒါ ကျွန်မ အမျိုးသား ကောင်းရာမွန်ရာ ရောက်အောင် ယတြာလေး ခြေပါလား ဆိုပြီး သူတို့ မှာပါလာတဲ့ ဘုရားပုံလေးကို ကိုင်ခိုင်းပြီး လိုတဲ့ဆု တောင်းခိုင်းတယ် ကျွန်မလည်း အမျိုးသား အတွက် ဆိုပြီး သူတို့ခိုင်းတဲ့အတိုင်း လုပ်လိုက်တယ် အဲဒီနောက်ပိုင်း ဘယ်လိုဖြစ်သွားတယ် မသိဘူး သူတို့ပြောတာကိုဘဲ နားထောင်တယ် ကိုယ်က ဘာမှ ပြန်မပြောဖြစ်ဘူး နောက်ပြီး ယတြာခြေဖို့ ငွေငါးသောင်း တောင်း တာလည်း ပေးလိုက်မိတယ် အံ့သြစရာ ကောင်းတာက ကျွန်မ ဘာမှပြန်ပြောလို့မရဘူး သူတို့ခိုင်းတာဘဲ လုပ်နေတယ် နောက်ပြီးတော့ သူတို့ပြန်သွားတော့ မှာသွားသေးတယ် ဒီအကြောင်းကို ဘယ်သူမှ မသိစေရဘူး ပြောချင်ရင် နောက်နေ့ ၁၂ နာရီကျော်မှ ပြောရမယ်တဲ့ တကယ်လဲ ကျွန်မဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့ဘူး ကျွန်မ သားတွေကိုတောင် မပြောဖြစ်ခဲ့ဘူး တော်တော်ကို ကြောက်စရာကောင်းတယ်လို့ ကိုယ်တွေ့ကြုံရတဲ့ မင်္ဂလာဒုံ မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပြသွားပါတယ်။

အလားတူပဲ လွန်ခဲ့တဲ့ အပတ်ကလည်း ကမာရွတ်မြို့နယ်ထဲက အင်းစိန်လမ်းမပေါ်မှာရှိတဲ့ အဆောက်အအုံတစ်ခုမှာ နယ်ကလာပြီး ကုမ္ပဏီ ဝန်ထမ်း အလုပ်လုပ်နေကြတဲ့ မိန်းကလေး လေးယောက် နေထိုင်တဲ့ လှိုင်ရတနာဈေးရှေ့က တိုက်ခန်းတွင် နေ့ခင်းနှစ်နာရီလောက်မှာ အဆိုပါ ကုလားမသုံးဦး က မိန်းကလေး လေးယောက် နေထိုင်တဲ့ အခန်းကို တံခါးလာခေါက်ပြီး အလှူခံလာတာပါလို့ ပြောတယ်လို့ ဆိုပါတယ် အဲဒီအချိန်က အခန်းမှာ မိန်းကလေးနှစ်ဦးသာရှိပြီး၊ လူကြီးမရှိကြောင်း ပြောပေမယ့် အိမ်ထဲကို အတင်း ဝင်လာကာ လူကြီးမရှိလဲ တတ်နိုင်သလောက် လှူနိုင်တယ်လို့ ပြောပါတယ် မိန်းကလေးများဟာ နယ်သူလေးများဖြစ်ပြီး အားနာတာကြောင့် ငွေ ၂၀၀ ကျပ် ထုတ်လှူလိုက်ရာမှာ နည်းသေး တာပေါ့လို့ ပြောကာ ထိုအချိန်က မိန်းကလေးတစ်ဦးဟာ နေမကောင်းနေတာကို ရိပ်စားမိဟန်ရှိပြီး ထိုမိန်းကလေး ကျန်းမာရေးမကောင်းတာ ဗေဒင်ကြည့်ပေးမယ် သူတို့ ဘုရားမယ်တော်က အကုန်သိတယ်လို့ပြောကာ အသင့်ပါလာတဲ့ မယ်တော်ပုံလေးအား ကိုင်ခိုင်းပြီး လိုရာဆုကို တောင်းခိုင်းတယ်လို့လည်း ဆိုပါတယ်

ဆုတောင်း အပြီးမှာ မယ်တော်ပူးသလို ဘာလိုလိုနဲ့ အဟောအပြောတွေ စလုပ်ကာ နေမကောင်းသူ မိန်းကလေးအား ဟောရာမှာ ခြေနှစ်ချောင်း ထွက်ကိန်းရှိကြောင်း အဝေးက မိဘနှစ်ပါးထဲက တစ်ယောက်ယောက် ခန္ဓပျက်ကိန်းရှိတယ် လို့ဆိုကာ အဲဒီ မကောင်းတာတွေ ပျောက်အောင် ယတြာခြေရမယ် ငွေခြောက်သောင်းပေး လို့ ပြောပြီး တောင်းတယ်လို့ ဆိုပါတယ် အဲဒီအချိန်တွင် သူတို့ပြောသည်များကိုသာ လုပ်ဆောင်နေပြီး ဘာကိုမှ ပြန်ပြောလို့မရဘူးလို့လည်း ဆိုပါတယ် နောက်ပြီး ပြန်ခါနီးမှာ ဒီအကြောင်းတွေကို နောက်နေ့ ၁၂ နာရီ မကျော်မခြင်း ဘယ်သူ့ကိုမှ မပြောရဘူး ပြောချင်ရင် နောက်နေ့ ၁၂ နာရီကျော်မှပြောလို့ရတယ်လို့ ဆိုကာ နောက်သုံးလေးရက် ကြာလျှင် ပြန်လာခဲ့မယ်လို့ ပြောပြီး ပြန်ဆင်းသွားကြတယ်လို့ ဆိုပါတယ် တကယ်ပင် နောက်တပတ်ခန့်အကြာ အဲဒီ ကုလားမ သုံးယောက် ပြန်ရောက်လာလို့ ဝိုင်းဝန်းဖမ်းဆီးရာ လွတ်မြောက်သွား တယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် ယခုအခါမှာ အထပ်မြင့် တိုက်ခန်းများတွင် နေထိုင်ကြတဲ့ မိသားစုများ အနေနဲ့ လူကြီးများ အပြင်သွားကြတဲ့အခါမှာ အိမ်တွင် ကျန်ရစ်မယ့် ကလေးသူငယ်များကို ဖြစ်ဖြစ် သက်ကြီးရွယ်အိုများကိုဖြစ်ဖြစ် သေချာစွာမှာပြီးမှ မိမိတို့အိမ်အား မရင်းနှီးသည့် လူများ လာရောက်ပါက လွယ်လင့်တကူ တံခါးများကို ဖွင့်မပေးကြဖို့နဲ့ တာဝန်ရှိသူများ လာရောက်ပါကလည်း သေချာစွာ မေးမြန်းပြီးမှသာ ဖွင့်ပေးသင့် ကြောင်း အလားတူ မိန်းကလေးများ ချည်းစု၍ နေကြတဲ့ တိုက်ခန်းများ အထူးသဖြင့် အဆိုပါ မသမာ သူတို့ရဲ့ပစ်မှတ် ဖြစ်နေတာကို သတိပြုရမှာဖြစ်ကြောင်းကို ကိုယ်တွေ့ကြုံရသူများက ပြောပြသွားကြလို့ သိရပါတယ်။

သူငယ်ချင်းများ သတိထားနိုင်ရန် စေတနာဖြင့် ရတနာပုံဆိုဒ်မှ ကူးယူဖေါ်ပြပါသည်။


သီတာမြင့်

Twitter Delicious Facebook Digg Stumbleupon Favorites More